နေပြည်တော် စက်တင်ဘာ ၂
ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၃၇/၇ နှင့် ၃၈/၈ အကြား ယာဉ်မတော်တဆမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိသွား ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ပဲခူးမြို့နယ်တောနက်ကြီး အမြန်လမ်းရဲစခန်းပိုင်တွင် နေပြည်တော် ဘက်မှ ရန်ကုန်ဘက်သို့ တရားမ၀င်ကျွန်းသစ်ခွဲသားများတင်ဆောင်ပြီး ယာဉ်မောင်း တင်ကြီး(ခ)တင်နိုင်ဦး မောင်းနှင်လာသော 21/-----CRV အစိမ်းပုပ်ရောင် မော်တော် ယာဉ်မှာ ယနေ့မွန်းလွဲ ၁၂ နာရီ ၅ မိနစ်က အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်၌ ၂ ပတ်လိမ့်တိမ်းမှောက်ခဲ့သည်။
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင်ယာဉ်မောင်းပါ အမျိုးသား(၂)ဦးအနက် ယာဉ်မောင်းသေဆုံးခဲ့ပြီး ကျန်တစ်ဦးဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူယာဉ်မောင်းနှင့် ဒဏ်ရာရရှိသူတစ်ဦးအား တောနက်ကြီးအမြန်လမ်းရဲတပ်ဖွဲ့ ပိုင်ယာဉ်ဖြင့် ပဲခူးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်းသိရသည်။
ညီညီသန်း (နေပြည်တော် )
ဓါတ်ပုံ အမြန်လမ်းရဲတပ်ဖွဲ့
Min Myat Oo (fb)
ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှု ဖြစ်ပွား၊ တစ်ဦးသေ ၊ တစ်ဦးဒဏ်ရာရ
Reviewed by THITHTOOLWIN
on
17:46
Rating: