အိန္ဒိယ၊ နီပေါလ်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ ဆယ်စုနှစ်တခုအတွင်း အဆိုးဝါးဆုံး ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူပေါင်း ၁၄၀၀ ကျော်ရှိသွားပြီလို့သိရပါတယ်။ အဲဒါဟာ ပုံမှန်မဟုတ်တဲ့ မုတ်သုန်မိုးကြောင့် ကြိုတင်ပြင်ဆင်မှုမရှိတာတွေနဲ့ အစီအစဉ်အားနည်းတာတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီနိုင်ငံတွေမှာ ရေဘေးအန္တရာယ်နဲ့ရင်ဆိုင်နေရတာ နှစ်လလောက်ရှိနေပြီဖြစ်ပြီး ရာနဲ့ချီတဲ့ကျေးရွာတွေရေအောက်နစ်မြုတ်ကုန်ကြသလို သောင်းနဲ့ချီတဲ့လူတွေဟာ အစားအစာမလုံလောက်တဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေရပါတယ်။
ရေဘေးဒဏ်အခံရဆုံး အိန္ဒိယနိုင်ငံမှာတော့ အကူအညီပေးရေးတွေကိုသာ ဦးစားပေးဆောင်ရွက်န်ေပြီး အားနည်းတဲ့ ကြိုတင်သတိပေးမှုစံနစ်နဲ့အတူ ကြိုတင်ကာကွယ်မှု အနည်းအကျဉ်းသာလုပ်နေတယ်လို့ ဆိုပါတယ်။
ဒီနှစ်ဖြစ်ပေါ်ခဲ့တဲ့ရေဘေးဟာ တောင်အာရှနိုင်ငံတွေကို သဘာဝဘေးအန္တရာယ်နဲ့ပတ်သက်ပြီး အတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်ကြဖို့လိုပြီဆိုတာ ပြခဲ့တာဖြစ်တယ်လို့ အိန္ဒိယ သဘာဝဘေးအန္တရာယ် ထိန်းချုပ်ရေးဌာနရဲ့အရာရှိတဦးဖြစ်တဲ့ P.K. Taneja က ပြောပါတယ်။
အိန္ဒိယနိုင်ငံမှာရေလွှမ်းမိုးပြီးနောက်ပိုင်း နီပေါလ်အထက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်အောက်ပိုင်းတွေမှာလည်း ရေလွှမ်းမိုးတဲ့ဒဏ် ဆက်တိုက်ခံခဲ့ရပေမဲ့ အဲဒီနိုင်ငံအချင်းချင်းပူးပေါင်းဆောင်ရွက်မှုကတော့ အနည်းငယ်ပဲရှိတယ်လို့ သိရပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
ရေဘေး ကာကွယ်ရေး ပူုးပေါင်းလုပ်ဆောင်မှု အားနည်းလို့ ပိုပြီးအထိနာ
Reviewed by THITHTOOLWIN
on
08:55
Rating: