ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာမှာ လုံခြုံရေးယူနေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို သြဂုတ်လ ၉ ရက်နေ့က တွေ့ရစဉ် |
လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေကိုပဲ ရှာဖွေဖော်ထုတ်နေတာဖြစ်ပြီး အကြမ်းဖက်မှုကို လက်မခံဘဲ အေးချမ်းစွာနေထိုင်လိုတဲ့ မွတ်စလင်ဘာသာဝင်တွေ ဘေးကင်းရေးကို ဆောင် ရွက်နေကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒါ့အပြင် ARSA အစွန်းရောက် အကြမ်းဖက်သမားတွေကို ထောက်ခံတာ၊ ပူးပေါင်းပါဝင်တာ မပြုလုပ်ဖို့လည်း သတိပေးနေတယ်လို့ ဖော်ပြထားပါတယ်။
မနေ့က မောင်တောမြို့နယ် ပန်းတောပြင်အနောက်ကျေးရွာမှာရှိတဲ့ မွတ်စလင်ဘာသာဝင်တွေကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက စစ်ဆေးရာမှာ ကြည်ဖြူစွာလက်ခံခဲ့ပြီး အဲဒီကျေးရွာသားတွေကိုယ်တိုင်က အစွန်းရောက် အကြမ်း ဖက်သမားတွေရဲ့ လုပ်ရပ်တွေကို လက်မခံကြောင်း၊ နိုင်ငံတော်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းကြဖို့ ကျေးရွာတွေမှာ ကြေညာ
Reviewed by THITHTOOLWIN
on
18:20
Rating: