ကင်ဂျုံအမ်း က ဒေါ်နယ်ထရမ့် ၏ "မြောက်ကိုရီးယား နိုင်ငံ အား အလုံးစုံ ဖျက်ဆီးပစ်မည်" ဟူသော ပြောကြား ချက်အပေါ် အပြင်းအထန် တုံ့ပြန်ပြောကြား
![]() |
မြောက်ကိုရီးယား နိုင်ငံ သမ္မတ ကင်ဂျုံအမ်း အား မြင်တွေ့ရစဉ်(ဆင်ဟွာ) |
အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ကုလသမဂ္ဂ ညီလာခံ တွင် စက်တင်ဘာ ၂၁ ရက်နေ့၌ ပြောကြား ခဲ့သည့် "မြောက်ကိုရီးယား နိုင်ငံ အား အလုံစုံ ဖျက်ဆီးပစ်မည်" ဟူသော ပြောဆိုချက် နှင့် ပတ်သက်၍ မြောက်ကိုရီးယား နိုင်ငံ သမ္မတ ကင်ဂျုံအမ်း က သဘောထား ထုတ်ပြန်ချက် ကို စက်တင်ဘာ ၂၂ ရက်နေ့ ညပိုင်းအချိန် တွင် မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန က ဖော်ပြ ခဲ့ပြီး ခိုင်မြဲစွာ လက်တုန့်ပြန်မှု များ ပြုလုပ်သွားမည် ဖြစ်ကြောင်း လည်းပါဝင် ခဲ့သည်။
ကင်ဂျုံအမ်း က ဒေါ်နယ်ထရမ့် အနေဖြင့် နိုင်ငံတကာ ရှေ့တွင် အခြား နိုင်ငံ တစ်နိုင်ငံ ကို စော်ကားသည့် အပြောအဆို မျိုးပြောကြား ခဲ့ခြင်း ဖြစ်ပြီး မိမိ အနေဖြင့် မည်သို့ အပြင်းထန်ဆုံး လက်တုံ့ပြန်မှု ဆောင်ရွက်ရမည် ကို စဉ်းစာနေကြောင်း ပြောကြား ခဲ့သည်။
အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က စက်တင်ဘာ ၁၉ ရက်နေ့၌ ကုလသမဂ္ဂ ညီလာခံ၌ မိန့်ခွန်းပြောကြားရာတွင် မြောက်ကိုရီးယား နိုင်ငံ ၏ နျူကလီးယား လက်နက် နှင့် တာဝေးပစ် ဒုံးကျည် များသည် ကမ္ဘာလုံး ဆိုင်ရာ ခြိမ်းခြောက်မှု တစ်ရပ် ဖြစ်နေပြီး အမေရိကန် နိုင်ငံ အနေဖြင့် မိမိ နိုင်ငံ သို့မဟုတ် မဟာမိတ် နိုင်ငံ များ ကို ကာကွယ်မှု ပြုလုပ်ရမည့် အတင်းအကြပ် အခြေအနေ သို့ ရောက်ရှိခဲ့ပါက တစ်ခု တည်းသော နည်းလမ်း အနေဖြင့် မြောက်ကိုရီးယား နိုင်ငံ ကို အလုံးစုံ ချေမှုန်းဖျက်ဆီး ရလိမ့်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
(Xinhua)
http://www.xinhuamyanmar.com
ကင်ဂျုံအမ်း က ဒေါ်နယ်ထရမ့် ၏ "မြောက်ကိုရီးယား နိုင်ငံ အား အလုံးစုံ ဖျက်ဆီးပစ်မည်" ဟူသော ပြောကြား ချက်အပေါ် အပြင်းအထန် တုံ့ပြန်ပြောကြား
Reviewed by THITHTOOLWIN
on
14:08
Rating:
