ချောင်းဖြတ်ကူးစဉ် ပျောက်ဆုံးသွားသော အမျိုးသမီးတစ်ဦးသေဆုံးလျက် ပြန်လည်တွေ့ရှိ


ဘားအံ စက်တင်ဘာ ၃

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ တောင်သူကုန်းအုပ်စု၊ ကော့ရေးရွာ အရှေ့ဘက်(၄)ဖာလုံခန့်အကွာ အလန်းချောင်းအတွင်း စက်တင်ဘာလ ၁ ရက်နေ့က အမျိုးသမီး(၁)ဦးရေနစ်ပျောက်ဆုံးခဲ့ကြောင်း သတင်းရရှိသည်။

စက်တင်ဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းက အလန်းချောင်းအတွင်း ဇနီးမောင်နှံနှစ်ဦး နွားတစ်ကောင်ဖြင့် ဖြတ်ကူးစဉ် ဇနီးဖြစ်သူ အသက် ၂၈ နှစ်အရွယ် မအေးစန်းဆိုသူမှာ ရေထဲမျောပါသွားခြင်း ဖြစ်ကြောင်း ခင်ပွန်းဖြစ်သူ၏ပြောပြချက်အရ သိရသည်။

အလန်းချောင်းမှာ အကျယ် ၂၀ ပေခန့်ရှိပြီး ရေအနက် ၈ ပေခန့် ရှိတယ်လို့ လိုက်လံရှာဖွေရာတွင် ပါဝင်သည့် အဖွဲ့များထံမှ သိရသည်။

ရေထဲ မျောပါပျောက်ဆုံးနေသည့် မအေးစန်းအား ဝိုင်းဝန်းရှာဖွေခဲ့ရာမှာ စက်တင်ဘာလ ၂ ရက်နေ့ မွန်းလွဲပိုင်းက အလန်းချောင်းအောက်ဘက် ရေထဲတွင် သေဆုံးလျက်တွေ့ရှိရသည်။

အဆိုပါ ဖြစ်စဉ်အား ဇာသပြင်နယ်မြေရဲစခန်းမှ သေမှုသေခင်းဖွင့်လှစ် စစ်ဆေးလျက်ရှိကြောင်းသိရသည်။

ဘားအံသတင်း
https://www.facebook.com/Hpaannews.kayin
ချောင်းဖြတ်ကူးစဉ် ပျောက်ဆုံးသွားသော အမျိုးသမီးတစ်ဦးသေဆုံးလျက် ပြန်လည်တွေ့ရှိ ချောင်းဖြတ်ကူးစဉ် ပျောက်ဆုံးသွားသော အမျိုးသမီးတစ်ဦးသေဆုံးလျက် ပြန်လည်တွေ့ရှိ Reviewed by THITHTOOLWIN on 18:31 Rating: 5
Powered by Blogger.