နေပြည်တော်၊ သြဂုတ် ၁၉
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၃၉/၁နှင့်၁၃၉/၂အကြားတွင် ယနေ့နံနက် ၉နာရီခွဲတွင် အောင်ချမ်းမြေ့ မောင်းနှင်ပြီး နောက်ထိုင်ခုံတွင် ကိုသူ စီးနှင်လိုက်ပါလာသော Dying 110 မော်တော်ဆိုင်ကယ်မှာ အမြန်လမ်းမကြီး လမ်းလယ်ကျွန်းဖြတ်မှ အနောက်ဖက်သို့ဖြတ်မောင်းစဉ် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်းနေမျိုးအောင် မောင်းနှင်လာသော Toyota belta မော်တော်ယာဉ် နှင့်တိုက်မိခဲ့သည်။
ဖြစ်စဉ်ကြောင့် ဆိုင်ကယ်မောင်းနှင်သူမှာနေရာတွင် သေဆုံးသွားခဲ့ပြီး နောက်မှ စီးနင်းလိုက်ပါသူမှာ ဒဏ်ရာရရှိခဲ့သည်။ toyota ယာဉ်ပေါ်တွင်ပါရှိသူ ၃ ဦးမှာထိခိုက်မှု မရှိသော်လည်း ယာဉ်မှာအနည်းငယ်ပျက်စီးသွားသည်။ ဖြစ်စဉ်တွင်သေဆုံးသွားသူနှင့် ဒဏ်ရာရရှိသွားသူများအား ဗောဓိကုန်းအ မြန်လမ်းရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် အုတ်တွင်းဆေးရုံသို့ ပိုဆောင်ပေးခဲ့ရသည်။
သိုပါ၍အမြန်လမ်းမကြီးပေါ်တွင် ဆိုင်ကယ် အနှေးယာဉ်တက်ရောက်မောင်းနှင်ခွင့်မ ရှိပဲ တက်ရောက်မောင်းနှင်သူ ဆိုင်ကယ်အားသက်ဆိုင်ရာမှ အမှုဖွင့်ထားပြီး ဆိုင်ကယ်အား သိမ်းဆည်းခဲ့ကြောင်းသိရသည်။
သန်းဦး(လေးမျက်နှာ)
ဓာတ်ပုံ /အမြန်လမ်းရဲတပ်ဖွဲ့
Min Myat Oo (fb)
အမြန်လမ်းမကြီးပေါ်၌ Toyota မော်တော်ယာဉ် မှ ဆိုင်ကယ်အားတိုက်မိ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ
Reviewed by THITHTOOLWIN
on
16:25
Rating: