ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်း ကို တွေ့ရစဉ်။ Photo: Win Ko Ko Latt/RFA |
လွိုင်ကော်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ခင်စည်သူက မြန်မာနိုင်ငံမှာ ဘိန်းစိုက်တောင်သူတွေကို ဘိန်းမစိုက်ပျိုးဘဲ ဘဝရပ်တည်ရေးအတွက် နိုင်ငံတော်က အမျိုးသားရေးတာဝန်အဖြစ် စနစ်တကျစီမံကိန်းတွေ ချမှတ်ဖို့ မေးမြန်းခဲ့တာပါ။
ဒေါက်တာခင်စည်သူရဲ့ မေးမြန်းချက်မှာ ရဲ၊ တပ်မတော်နဲ့ ငြိမ်းချမ်းရေး လက်နက်ကိုင်အဖွဲ့အစည်းတွေကို အခွန်ပေးဆောင်နေရတယ်ဆိုပြီး ပါဝင်တဲ့အတွက် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက ကန့်ကွက်တာလို့ အခုလိုပြောပါတယ်။
အဲဒီအတွက် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ဥပဒေ၊ နည်းဥပဒေတွေအညီဆွေးနွေးကြဖို့ သတိပေးသလို ဒေါက်တာခင်စည်သူရဲ့ ဆွေးနွေးချက်ထဲက အချက်အချို့ကို လွှတ်တော်မှတ်တမ်းက ပယ်ဖျက်မယ်လို့လည်းပြောပါတယ်။
တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မျိုးထက်ဝင်းက လွှတ်တော်ဥက္ကဌက လွှတ်တော်ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ ဆောင်ရွက်ပေးလို့ ကျေနပ်တယ်လို့ ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
NLD ကိုယ်စားလှယ်ရဲ့ မေးခွန်းကို တပ်မတော်သား ကန့်ကွက်
Reviewed by THITHTOOLWIN
on
19:25
Rating: