နေပြည်တော်၊ သြဂုတ် ၂၀
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏အမှတ်၃ လမ်းဆုံရဲစခန်းနယ်မြေ မိုင်တိုင်အမှတ် ၁၈/၇ နှင့် ၁၉/၀အကြား နေပြည်တော်ဘက်မှရန်ကုန်ဘက်သို့ယဉ်မောင်း ခင်မောင်အေး မောင်းနှင်လာသော Mazada pickup မော်တော်ယာဉ်မှာ ယနေ့နက်နက် ၉နာရီ၁၅မိနစ်က ရှေ့ယာဘက်ဘီးပြုတ်ထွက်၍အရှိန်မထိမ်းနိုင်ဘဲ တိမ်းမှောက်ခဲ့သည်။
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင်ယာဉ်မောင်းပါအမျိုးသားနှစ်ဦး ၊အမျိုးသမီးတစ်ဦး ပေါင်း သုံးဦးမှာ ဒဏ်ရာများရရှိသွားခ့သည်။ ဒဏ်ရာရရှိသူများအား အမှတ် ၃ အမြန်လမ်းရဲ တပ်ဖွဲ့ပိုင်ယာဉ်ဖြင့် လှည်းကူးဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်းသိရသည်။
သို့ပါ၍ ယာဉ်ကို မဆင်မခြင်ပေါ့ဆစွာမောင်းနှင်သောယဉ်မောင်းအားသက်ဆိုင်ရာကအမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်းသိရသည်။
သန်းဦး(လေးမျက်နှာ)
ဓာတ်ပုံ -အမြန်လမ်းရဲတပ်ဖွဲ့
Min Myat Oo (fb)
အမြန်လမ်းတွင်Mazada pickupယာဉ်မတော်တစ်ဆမှုဖြစ် ၃ ဦးဒဏ်ရာရ
Reviewed by THITHTOOLWIN
on
17:22
Rating: