(ဒုက္ကန်ချောင်းတွင် ရောက်ရှိခိုခုံနေကြသူများ) |
ဘူးသီးတောင်မြို့နယ်မှ ဒိုင်းနက်မျိုးနွယ်စုဝင် ရွာသား ၇၉ ဦးသည် တောတောင်များကို ဖြတ်ကျော်ထွက်ပြေးလာပြီးနောက် ကျောက်တော်မြို့နယ် ဒုက္ကန်ချောင်းရွာသို့ သြဂုတ် ၂၈ ရက် နံနက် ၉ နာရီက ဘေးမသီရန်မခဘဲ ရောက်ရှိလာသည်ဟု သတင်း ရရှိသည်။
ဒုက္ကန်ချောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက“ ဒိုင်းနက် လူမျိုး ဒုက္ခသည်ပေါင်း ၇၉ ဦးဖြစ်ပါတယ်။ သြဂုတ် ၂၈ ရက် နံနက် ၉ နာရီလောက်မှာ ရောက်တာပါ။ သူတို့ကို လက်ရှိ ရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံမှာ ထားထားပါတယ်” ဟု ကပြောသည်။
(ဒုက္ကန်ချောင်းတွင် ရောက်ရှိခိုခုံနေကြသူများ) |
ဒုက္ခသည်များအား အဆိုပါကျေးရွာမှ လိုအပ်သည်များကိုလည်း ထောက်ပံ့လျက်ရှိသည်ဟု သိရသည်။
အဆိုပါ ဒုက္ခသည်များသည် ဘူးသီးတောင်မြို့နယ် ကျောင်းတောင်အုပ်စုမှ ဖြစ်ကြပြီး အနီးအနားရှိ တောင်ဘဇားကျေးရွာအား အကြမ်းဖက် ဘင်္ဂလီရွာသားများက ၀ိုင်းဝန်းတိုက်ခိုက်ခံရပြီး စိုးရိမ်ကာ ကိုယ့်ဒေသကို စွန့်ခေါ်၍ ထွက်ပြေးလာခြင်းဖြစ်ကြောင်း ဒုက္ကန်ချောင်းကျေးရွာတွင် တာဝန်ထမ်းဆောင်နေသည့် ကျောင်းဆရာ ဦးအောင်ကျော်စောက ပြောသည်။
မဘုကေ
Narinjara
https://www.facebook.com/Narinjara
ဒိုင်းနက်ဒုက္ခသည် ၁၀၀ ခန့် ကျောက်တော် ဒုက္ကန်ချောင်းရွာသို့ ထွက်ပြေး ရောက်ရှိ
Reviewed by THITHTOOLWIN
on
19:48
Rating: