မြန်မာအမျိုးသားဘောလုံး အသင်းရဲ့ တိုက်စစ်မှူးအောင်သူက ဦးဆောင်ဂိုးကိုသွင်းယူ။ သတင်းဓာတ်ပုံ -မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် |
မြန်မာ နဲ့ ဘရူနိုင်းအသင်းတို့ ဒီကနေ့ ကစားကြတာမှာ မြန်မာက ၆ ဂိုး ဂိုးမရှိ နဲ့ ဂိုးပြတ်နိုင်ပြီး အနိုင်ရပြီး မြန်မာအသင်းဟာ ၃ ပွဲ နိုင် ၉ မှတ် နဲ့ အကြိုဗိုလ်လုပွဲကို တက်သွားတာဖြစ်ပါတယ်။ မြန်မာအတွက် ပထမဂိုးကို အောင်သူက ၂၃ မိနစ်မှာ သွင်းယူခဲ့ပြီး၊ ဒုတိယဂိုးကိုတော့ စည်သူအောင်က ၃၉ မိနစ်မှာ သွင်းခဲ့တာပါ။ ဒါကြောင့် ပထမပိုင်းမှာ မြန်မာက ၂ ဂိုး ဂိုးမရှိ နဲ့ ဦးဆောင်ခဲ့ပါတယ်။
မြန်မာအတွက် တတိယ နဲ့ စတုတ္ထဂိုးတွေကိုတော့ အောင်းကောင်းမာန်က ၇၂ မိနစ် နဲ့ ၈၃ မိနစ်တွေမှာ သွင်းခဲ့ပြီး၊ မိနစ် ၉၀ မှာ တဂိုးမောင်မောင်လွင်က ၁ ဂိုး ၊ နာကျင်အချိန်ပို ၉၃ မိနစ်မှာ လူစားဝင်လာတဲ့ မြန်မာတိုက်စစ်မှူး သန်းပိုင်က နောက်တဂိုးသွင်းခဲ့လို့ ၊ မြန်မာအသင်းက နောက်ဆုံးမှာ ၆ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားပါတယ်။
မြန်မာဘောလုံးအသင်း |
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဆုတံဆိပ်ရရှိမှုအနေအထားမှာတော့ - မလေးရှားက ရွှေ ၇ ခု၊ ငွေ ၃ ခု ၊ ကြေး ၃ ခု နဲ့ ပထမ၊ မြန်မာက ရွှေ ၂ ခု၊ ငွေ ၁ ခု နဲ့ ဒုတိယ၊ အင်ဒိုနီးရှားက ရွှေ ၂ ခု ၊ ကြေး ၂ ခု နဲ့ တတိယနေရာမှာရှိနေပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ဘရူနိုင်းကို ၆ ဂိုး ဂိုးမရှိနဲ့ နိုင်တဲ့ မြန်မာ ယူ ၂၂ အသင်း အကြိုဗိုလ်လုပွဲတက်
Reviewed by THITHTOOLWIN
on
19:23
Rating: