လင်မယားချင်း စကားများရာက သားနှင့် မယားကို ဓားဖြင့် ခုတ်သတ်မှုဖြစ်ပွား


နေပြည်တော် သြဂုတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ် အောင်သာကျေးရွာအနောက်ဘက် သပိတ် လုံးတောတိုက်အတွင်း၌ နေထိုင်သည့် ဇော်လင်း(၄၂ နှစ်) သည် သြဂုတ် ၂၈ ရက် ည ၇ နာရီက ဇနီးဖြစ်သူ မခင်မာသူနှင့် စကားများရန်ဖြစ်စဉ် သားနှင့် မယားကို ဓားဖြင့် ခုတ်သတ်မှုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

အဆိုပါ ညက ဇနီးဖြစ်သူ ခင်မာသူကို ဇော်လင်းက အရိုးအသွား ၂၄ လက်မခန့်ရှိ ကိုင်းခုတ်ဓားဖြင့် လိုက်ခုတ်နေတာကြောင့် အစ်မတော်စပ်သူ မခင်ဌေး၏ နေအိမ်သို့ ငါးလသားကလေးကိုပွေ့ချီ၍ ထွက်ပြေးခဲ့ရသည်။

အစ်မ နေအိမ်အရောက် တွင် ဇော်လင်းက ဓားဖြင့်ခုတ်လိုက်ရာ မခင်မာသူနှင့် သားဖြစ်သူ ဖိုးသား(ငါးလ)တို့တွင် ဒဏ်ရာများရရှိ သေဆုံးသွားခြင်းဖြစ်သည်။

 ဇော်လင်းကို ချင်ပြစ်နယ်မြေရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ကိုရဲ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
လင်မယားချင်း စကားများရာက သားနှင့် မယားကို ဓားဖြင့် ခုတ်သတ်မှုဖြစ်ပွား လင်မယားချင်း စကားများရာက သားနှင့် မယားကို ဓားဖြင့် ခုတ်သတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:21 Rating: 5
Powered by Blogger.