ခင်ပွန်းဖြစ်သူ စိတ်ဖောက်ပြန်၍ မိမိကိုယ်ကိုသတ်သေကြောင်း လာရောက်တိုင်ကြားသည့် ဇနီးသည်အား မသင်္ကာ၍စစ်ဆေးရာမှ အမှုမှန်ပေါ်ပေါက်


ပြည် သြဂုတ် ၂၉

ပြည်မြို့နယ် ဝက်ထီးကန်တိုက်နယ် ကံကြီးကုန်းကျေးရွာ၌ သြဂုတ် ၂၆ ရက် ညပိုင်းက အမျိုးသားတစ်ဦး စိတ်ဖောက်ပြန်ကာ မိမိကိုယ်ကိုသတ်သေသည်ဟု သေဆုံးသူ၏ ဇနီးဖြစ်သူက ကျေးရွာအုပ်ချုပ်ရေးမှူးထံ လာရောက်တိုင်တန်းခဲ့မှုအား ဝက်ထီးကန် နယ်မြေရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာမှ တိုင်တန်းသူ ဇနီးဖြစ်သူကိုယ်တိုင် ကျူးလွန်ခဲ့သည့် လူသတ်မှုဖြစ်စဉ် အမှုမှန်ကို ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

အမှုမှန်ဖော်ထုတ်နိုင်ရေးအတွက် အခင်းဖြစ်နေရာသို့ ဝက်ထီးကန်နယ်မြေ ရဲစခန်းမှူး ရဲအုပ် အောင်လှိုင်ဝင်း ဦးဆောင်သောအဖွဲ့က သွားရောက် စစ်ဆေးရာ မသင်္ကာဖွယ်အမူအရာ တို့ကို တွေ့ရှိရသဖြင့် ဆက်လက်စစ်ဆေး မေးမြန်းခဲ့ရာ အဆိုပါကျေးရွာနေ မသန်းသန်းဆွေ(၄၅ နှစ်)သည် အခင်း ဖြစ်နေ့ ညနေ ၅ နာရီခန့်တွင် မြေပဲနုတ် ရာမှ နေအိမ်သို့ပြန်လာစဉ် ၄င်းအား အရက်မူးနေသည့် ခင်ပွန်းသည် ကိုဆန်း ညွန့်နိုင်က အိမ်ပြန်နောက်ကျသည် ဟု ပြောဆိုကာ ဆဲဆိုကြိမ်းမောင်း ခဲ့ကြောင်း၊ ထို့နောက် ခင်ပွန်းဖြစ်သူသည် ဆဲဆိုခြင်းကို ညအထိရပ်တန့်မှုမရှိဘဲ အိပ်ရာထဲမှ ဆက်လက်ဆဲဆိုနေပြီး ည ၈ နာရီခန့်တွင် ဇနီးကို ဓားဖြင့် ခုတ်သတ် မည်ဟုပြောဆိုကာ အနီးရှိဓားမကို ဆွဲယူကြောင်း၊ ထိုသို့ဓားဆွဲယူစဉ် မသန်း သန်းဆွေက ခင်ပွန်းအား အိပ်ရာထဲသို့ ဆောင့်တွန်းပြီး ၄င်း၏ ခန္ဓာကိုယ်ဖြင့် အပေါ်မှတက်ဖိထားခဲ့ကြောင်း၊ ထို့နောက် ခင်ပွန်း၏အောက်၌ ပိနေသော ဓား အသွားကို အပေါ်ဘက်သို့ထောင်ကာ ထိုဓားပေါ်သို့ ခင်ပွန်း၏ လည်ပင်းကိုတင်၍ တက်ဖိသတ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယင်းဖြစ်စဉ်ကို ခင်ပွန်းဖြစ်သူ စိတ်ဖောက် ပြန်၍ သူ့ကိုယ်သူသတ်သေကြောင်း လိမ်လည်၍ အုပ်ချုပ်ရေးမှူးထံ သွားရောက်တိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု ရှင်းပြကြောင်း သိရသည်။

ယင်းအမှုအား ဝက်ထီးကန်နယ်မြေ ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရ သည်။

(ခရိုင် ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ခင်ပွန်းဖြစ်သူ စိတ်ဖောက်ပြန်၍ မိမိကိုယ်ကိုသတ်သေကြောင်း လာရောက်တိုင်ကြားသည့် ဇနီးသည်အား မသင်္ကာ၍စစ်ဆေးရာမှ အမှုမှန်ပေါ်ပေါက် ခင်ပွန်းဖြစ်သူ စိတ်ဖောက်ပြန်၍ မိမိကိုယ်ကိုသတ်သေကြောင်း လာရောက်တိုင်ကြားသည့် ဇနီးသည်အား မသင်္ကာ၍စစ်ဆေးရာမှ အမှုမှန်ပေါ်ပေါက် Reviewed by THITHTOOLWIN on 19:15 Rating: 5
Powered by Blogger.