နေပြည်တော်၊ ဩဂုတ် ၃၀
၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ရုံးပင်ကန်ကျေးရွာတွင် လူသတ်မှုဖြစ်ပွားကြောင်း သတင်းအရ စလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ပါသည်။
အဆိုပါကျေးရွာနေ ဖိုးကြာ (၂၂)နှစ်သည် အရက်မူးပြီး တစ်ရွာတည်းနေ အောင်မျိုးဌေး(၃၂)နှစ်နှင့် ရွာလယ်လမ်းဆုံ၌ စကားများရန်ဖြစ်စဉ် ၎င်း၏လက်ထဲတွင် ကိုင်ထားသည့် အရက်ပုလင်းကိုရိုက်ခွဲပြီး ပုလင်းကွဲဖြင့် အောင်မျိုးဌေးအား ထိုးသဖြင့် ဒဏ်ရာများရရှိ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖိုးကြာ အား စလင်းမြို့မရဲစခန်း(ပ)၃၁၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/yezarnimedia/
ရန်ဖြစ်စဉ် အရက်ပုလင်းအားခွဲပြီး ပုလင်းကွဲဖြင့်ထိုးသတ်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
20:35
Rating: