စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ မော်တော်ယာဉ်များအနေဖြင့် လက်ယာဘက် အချက်ပြမီးစနစ်အမှန် မကျင့်သုံးပါက အရေးယူဆောင်ရွက်သွားမည်

အချက်ပြစနစ်နှင့် ပတ်သက်သည့် ရှောင်ရန်၊ဆောင်ရန်အားတွေ့ရစဉ် (ဓာတ်ပုံ-- Yangon Traffic Police)
    ရန်ကုန်၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

    မော်တော်ယာဉ်များအနေဖြင့် လက်ယာဘက် အချက်ပြမီးစနစ်အမှန်ကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနှင့်  မြို့တွင်း၊ မြို့ပြင်၊ အဝေးပြေး၊ အမြန်လမ်းများအားလုံးတွင် ကျင့်သုံးရမည်ဖြစ်ကြောင်း၊ ထိုသို့ မကျင့်သုံးသည့်မော်တော်ယာဉ်များအား စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်ပြီး အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

နောက်မှကျော်တက်လိုသော ယာဉ်ကို ကျော်တက်နိုင်ကြောင်း မီးအချက်ပြမှု မှန်ကန်စွာ အသုံးပြုနိုင်ရေးနှင့် သတ်မှတ်ထားသော အရှိန်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များကို အရှိန်နှုန်းတိုင်းကိရိယာဖြင့် စစ်ဆေးပြီး အရေးယူသွားမည်ဖြစ်ကြောင်း ပညာပေးမှုများ၊ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်ထားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

စက်တင်ဘာလ ၁ ရက်နေ့တွင် အဆိုပါ ယာဉ်/လမ်းစည်းကမ်းလိုက်နာမှုမရှိသူယာဉ်မောင်းများအား စတင်ပြီး အရေးယူဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊လက်ယာဘက် အချက်ပြမီးစနစ်အမှန်ကို မြန်မာတနိုင်ငံလုံးအတိုင်းအတာနှင့် မြို့တွင်း၊ မြို့ပြင်၊ အဝေးပြေး၊ အမြန်လမ်းတွေ အားလုံးတွင် ကျင့်သုံးရမည်ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ မော်တော်ယာဉ်များအနေဖြင့် လက်ယာဘက် အချက်ပြမီးစနစ်အမှန် မကျင့်သုံးပါက အရေးယူဆောင်ရွက်သွားမည် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်၍ မော်တော်ယာဉ်များအနေဖြင့် လက်ယာဘက် အချက်ပြမီးစနစ်အမှန် မကျင့်သုံးပါက အရေးယူဆောင်ရွက်သွားမည် Reviewed by THITHTOOLWIN on 17:04 Rating: 5
Powered by Blogger.