မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ၂ဝ၁၇ ခု၊ သြဂုတ်လ ၂ဝ ရက်နေ့ ထုတ်ပြန်ချက်ကို တွေ့ရစဉ်။ ဓါတ်ပုံ - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန |
မုတ်သုံလေအားကောင်းနေတဲ့အပြင် အရှေ့ဘက်က လေဖိအားလျော့နည်းတဲ့နေရာက တိမ်တွေရွေ့လာ တာကြောင့် မိုးများနိုင်တာဖြစ်တယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။
"ဒီမုတ်သုံလေအင်အား အားကောင်းနေတာပေါ့နော်။ အားကောင်းနေတာတစ်ချက်ပေါ့နော်။ နောက်တစ် ချက်ကတော့ ဒီအရှေ့ဘက်ကနေ ပြီးတော့မှ ပင်လယ်ကမ်းခြေက လေဖိအားလျော့နည်းနေတဲ့နေ ရာပေါ့နော်။ အဲ့ဒီကနေပြီးတော့မှ ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့် တောင်ပိုင်းနဲ့ မြစ်ဝ ကျွန်းပေါ်ဒေသတွေမှာ နောက် ၂ ရက် ၃ ရက်လောက်အထိ မိုးအားကောင်းနေမယ့် အနေထားပေါ့နော်။"
စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရှမ်း၊ တနင်္သာရီ၊ ကချင်၊ ချင်း၊ ရခိုင်ပြည်နယ် ၊ နေပြည်တော်၊ ပဲခူး စတဲ့နေရာတွေမှာ လည်း မိုးရွာနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မြစ်ရေကြီးတာနဲ့ ပတ်သက်ပြီး လက်ရှိမှာ ဧရာဝတီမြစ်ရေဟာ သပိတ်ကျင်းမြို့မှာ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေ ပြီး၊ နောက် ၂ ရက်အတွင်းမှာတော့ ပခုက္ကူမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ သပိတ်ကျင်းမြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့ကစပြီး ကျေးရွာ ၅ ရွာ ရေနစ်မြုပ်ခဲ့သလို ရပ်ကွက် ၂ ခု မှာ ရေ၀င်ရောက်နေတဲ့အတွက် စာသင်ကျောင်း ၆ ကျောင်းကို ယာယီပိတ်ထားရပါတယ်။
အဲဒီကျေးရွာနဲ့ ရပ်ကွက်တွေက ရေဘေးသင့်သူ လူဦးရေ တစ်ထောင်ကျော်ဟာ ဘုန်းကြီး ကျောင်းတွေ၊ ဆွေ မျိုးတွေနေအိမ်နဲ့ ကုန်းမြင့်တဲ့နေရာတွေမှာ ယာယီခိုလှုံနေရပါတယ်။
ချင်းတွင်းမြစ်ရေဟာ ဟုမ္မလင်းမြို့နဲ့ ဖောင်းပြင်မြို့တွေမှာ စိုးရိမ်ရေမှတ်ကို ကျော်နေပါတယ်။ မော်လိုက်မြို့၊ ကလေးဝမြို့နဲ့ မင်းကင်းမြို့တွေမှာလည်း စိုးရိမ်ရေမှတ် ကို ကျော်နေပြီး နောက် ၁ ရက်အတွင်း ရေထပ် တက်နိုင်တယ်လို့လည်း သိရပါတယ်။
သံလွင်မြစ်ရေကတော့ ဘားအံမြို့မှာ စိုးရိမ်ရေမှတ်ကို ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း ဆက်တက်နိုင် တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
RFA Burmese
http://www.rfa.org/burmese
တိုင်းနဲ့ ပြည်နယ် ၅ ခုမှာ မိုးများနိုင်
Reviewed by THITHTOOLWIN
on
16:57
Rating: