တရုတ်မြန်မာ နယ်စပ်အနီး ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံက စားသောက်ကုန်တွေကို သြဂုတ်လ ၁၇ ရက်နေ့က မီးရှို့ဖျက်ဆီးစဉ်။ Photo: Kan Thar/RFA |
လားရှိုးမြို့နယ် အကောက်ခွန်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသန့်ဇင်ထွန်းက ဒီကနေ့ ဖျက်ဆီးလိုက်တဲ့ ပစ္စည်းတွေအကြောင်း အခုလို ပြောပါတယ်။
ဒီကနေ့ ဖျက်စီးခဲ့တဲ့ ပစ္စည်းတွေ အများစုဟာ ဘီယာ၊ ကလေးစားစရာမုန့်၊ စားသုံးဆီ၊ အချိုရည်၊ ကြက်အူချောင်း စတဲ့ပစ္စည်းတွေ အများဆုံးဖြစ်ပါတယ်။
အ၀တ်အထည်၊ ဖုန်း၊ လျှပ်စစ်ပစ္စည်း စတဲ့ လူသုံးကုန်ပစ္စည်းအတွက်ကို မီးရှို့ဖျက်ဆီးတာ မလုပ်ဘဲ ရွေးယူဒဏ်ငွေ နဲ့  ကျသင့်အခွန် ငွေအတိုင်း တန်ဖိုးဖြတ်ပြီး ရွေးယူခွင့်ပြုပေးထားသလို မယူတော့ဘူးဆိုရင် အဲဒီ ပစ္စည်းတွေ ကို လေလံစနစ်နဲ့ ရောင်းချသွားမယ်လို့  ဦးသန့်ဇင်ထွန်းက ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
တရုတ်က၀င်တဲ့ စားသောက်ကုန်တွေကို ဖျက်ဆီး
Reviewed by THITHTOOLWIN
on
18:15
Rating: