အင်ဒိုနီးရှားအလံကို ဇောက်ထိုး ပုံနှိပ်ခဲ့လို့ မလေးရှား အာဏာပိုင်တွေ တောင်းပန်ခဲ့ရပြီးဖြစ် |
အနည်းဆုံး ဝက်ဘ်ဆိုဒ် ၂၇ ခု ဖောက်ထွင်း နှောင့်ယှက်ခံခဲ့ရပြီး အဲဒီမှာ အင်ဒိုနီးရှား အလံ အရောင်တွေ ဖြစ်တဲ့ အနီနဲ့ အဖြူကို သုံးကာ "ငါ့ရဲ့ နိုင်ငံတော်အလံက ကလေးကစားစရာ မဟုတ်" လို့ ရေးသားထားပါတယ်။
တိုက်ခိုက်ခံရတဲ့ ဝက်ဘ်ဆိုဒ်တွေကို တနင်္လာနေ့မှာ ဘီဘီစီက ဝင်ရောက်ကြည့်ရှုခဲ့ရာ အတော်များများဟာ ပိတ်သိမ်းထားပြီး ဖြစ်နေပါတယ်။
အင်ဒို ဟက်ကာတွေ လက်ချက်မိခဲ့တဲ့ မလေးဆိုဒ်တခု |
မလေးရှား ပြိုင်ပွဲကျင်းပရေး တာဝန်ခံတွေနဲ့ အစိုးရအရာရှိတွေက ဒီကိစ္စအတွက် အကြီးအကျယ် တောင်းပန်ခဲ့ပြီး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့တုန်းကလည်း မလေးရှား ဆီးဂိမ်း ရေကူးပြိုင်ပွဲ ရဲ့ အမှတ်ပေးဘုတ်မှာ ဘရူးနိုင် အလံကို လွဲမှားဖော်ပြခဲ့တဲ့ ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသေးတယ်။
BBC Burmese
http://www.bbc.com/burmese
မလေးရှားဝက်ဘ်ဆိုဒ်တွေ ဖောက်ထွင်းခံရ
Reviewed by THITHTOOLWIN
on
17:53
Rating: