ARSA အစွန်းရောက် အကြမ်းဖက်သမားများ လှုပ်ရှားလျက်ရှိသည့် နယ်မြေ၌ နိုင်ငံတကာအဖွဲ့အစည်း များက ထောက်ပံ့ထားသည့် ပစ္စည်းများ တွေ့ရှိမှု အခြေအနေ
[ARSA အစွန်းရောက် အကြမ်းဖက်သမား သတင်း- ၁၆]
ARSA အစွန်းရောက် အကြမ်းဖက်သမားများ လှုပ်ရှားလျက်ရှိသည့် နယ်မြေ၌ နိုင်ငံတကာအဖွဲ့အစည်း များက ထောက်ပံ့ထားသည့် ပစ္စည်းများ တွေ့ရှိမှု အခြေအနေ
သြဂုတ် ၃၀ ၊ ၂၀၁၇
ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက် အကြမ်းဖက်သမားများက အကြမ်းဖက်မှုများ လုပ်ဆောင်လျက် ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမားများအား တန်ပြန်ချေမှုန်းရေး ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမားများအား တန်ပြန်တိုက်ဖျက်ရာတွင် နိုင်ငံတကာအဖွဲ့အစည်းအချို့၏ ထောက်ပံ့ကူညီရေးပစ္စည်းများ တွေ့ရှိနေရသည်။
သြဂုတ်လ ၂၈ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ကျီးကျွန်းကင်းစခန်း၏ တောင်ဘက် ၂ မိုင်ခန့်အကွာရှိ တဲငယ် ၆ လုံးတွင် အကြမ်းဖက်သမားများ နေထိုင်သွားခဲ့ပြီ WFP မှ ထောက်ပံ့ပေးသည့် စွမ်းအားပြည့် ဘီစကစ်မုန့်၊ မုန့်ပုံးခွံများနှင့်အချိုရည်ဘူးခွံများ တွေ့ရှိခဲ့ရသည်။
သြဂုတ် ၂၈ ရက် နံနက် ၁၁ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကျေးရွာ အပြင်ဘက် တောင်ခြေအနီး မသင်္ကာ၍ နယ်မြေရှင်းလင်းခဲ့ရာ ချုံပုတ်များ အတွင်း၌ ARSA အစွန်းရောက် အကြမ်းဖက်သမားများ ဝှက်ထားသော ဆာလာအိတ်ထုပ်များအား တွေ့ရှိခဲ့သည်။
တွေ့ရှိသည့် ပစ္စည်းများမှာ ဆေးဝါးမျိုးစုံ ၇ အိတ်၊ USAID တံဆိပ်ပါ ဆန် ၁ အိတ်၊ WFP တံဆိပ်ပါ ဆန်အိတ် ၁ အိတ်၊ အလျား ၁၂ လက်မ အချင်း ၄ လက်မခန့်ရှိ သံပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၃ ခု၊ မိုင်း၌ တပ်ဆင်ထားရှိသော ရီမု ဆင်ဆာ ၃ ခု၊ ပေ ၁၀၀ ခန့် ဝါယာကြိုးပါကင်ထုပ် ၃ ထုပ်၊ အဝေးထိန်း ရီမု ၆ ခု၊ Panasonic တံဆိပ်ပါ ၉ ဗို့ ဓာတ်ခဲ ၃ လုံး၊ ပွိုင့် ၃၀၃ ရိုင်ဖယ်ကျည် ၇ တောင့်တို့အား သိမ်းဆည်းရမိခဲ့သည်။
အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သြဂုတ်လ ၂၉ရက် မွန်းတည့် ၁၂ နာရီ တွင် အလယ်သံကျော် ဗိုလ်မှူးကျေးရွာအတွင်း နယ်မြေရှင်းလင်းစဉ်အဒူလာ ခေါ် နူမာလာကိန်း အိမ်အတွင်းမှ WFP တံဆိပ်ပါဘီစကစ်ဖာ ၄၀ ဖာ၊ ပြောက်ကျားစစ်ဖိနပ်လည်တို ၁၇ ရံ၊ ခြေအိတ် ၄၀ စုံ၊ ဓားရှည် ၁ လက်၊ ARSA အစွန်းရောက်အကြမ်းဖက်သမားအဖွဲ့ ဝတ်စုံ အကျီ ၂ ထည်နှင့် ဘောင်းဘီ ၃ ထည်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
(သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/InfomationCommittee/
ARSA အစွန်းရောက် အကြမ်းဖက်သမားများ လှုပ်ရှားလျက်ရှိသည့် နယ်မြေ၌ နိုင်ငံတကာအဖွဲ့အစည်း များက ထောက်ပံ့ထားသည့် ပစ္စည်းများ တွေ့ရှိမှု အခြေအနေ
Reviewed by THITHTOOLWIN
on
10:02
Rating: