MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဗိုလ်လုပြွဲုဖစ်တဲ့အောင်လအန်ဆန်နဲ့ ဗစ်တလီဘစ်တက်ရှ်တို့ ထိုးသတ်နေတာကို ရုပ်သံကတစ်ဆင့်ကြည့်ရှုအားပေးနေ စဉ် အမျိုးသားတစ်ဦး ရုတ်တရက်လဲကျသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
ဇွန်(၃၀) ရက် ည (၁၀) နာရီခန့် အချိန်က ရန်ကင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်တွေဟာ ရန်ကင်းမြို့နယ်၊ (၁၂)ရပ်ကွက်၊ ကံဘဲဘူတာရုံလမ်းရှိ လက်ဘက်ရည်ဆိုင်မှာ အမျိုးသားတစ်ဦး ရုတ်တရက်လဲကျ သေဆုံးသွားကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ပါတယ်။
အဲဒီလိုသွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ရန်ကင်းမြို့နယ်နေ ဦးခင်မောင်ဝင်းဖြစ်ပြီး လက်ဝှေ့ပွဲကို အားပေး ကြည့်ရှုနေစဉ် နှလုံးဖောက်ပြီးလဲကျသေဆုံးခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။
အဲဒီသေဆုံးမှုနဲ့ပတ်သက်ပြီး ရန်ကင်းမြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် (၆/၂၀၁၇)နဲ့ အမှုဖွင့် စစ်ဆေးဆောင်ရွက်နေတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်(၃၀)ရက် ညက ရန်ကုန်မြို့ သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ(၁)မှာ အောင်လအန်ဆန်က လက်ရှိ ကမ္ဘာ့ချန်ပီယံ ရုရှားနိုင်ငံသား ဗစ်တလီဘစ်တက်ရှ်ကို ဒုတိယအကြိမ်မြောက် စိန်ခေါ်ထိုးသတ်ခဲ့တာဖြစ်ပြီး အောင်လအန်ဆန်က ရမှတ်အသာ နဲ့အနိုင်ရရှိခဲ့ပါတယ်။ ဒီသတင်းကို Centrla News Bureau ကပေးပို့တာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb/
MMA ပြိုင်ပွဲကိုအားပေးကြည့်ရှုနေစဉ် အမျိုးသားတစ်ဦး ရုတ်တရက်လဲကျသေဆုံး
Reviewed by THITHTOOLWIN
on
15:36
Rating: