ဗီယက်နမ်နိုင်ငံသားနှစ်ဦးအား ဖိလစ်ပိုင် IS အဖွဲ့မှခေါင်းဖြတ်ကွပ်မျက်


မနီလာ ဇူလိုင် ၅

ဗီယက်နမ်နိုင်ငံသားနှစ်ဦးအား ဖိလစ်ပိုင်နိုင်ငံရှိ အစ္စလာမ္မစ် စစ် သွေြး<ွက IS အဖွဲ့ဖြစ်သည့် အဘူ ဆေယက်အဖွဲ့မှခေါင်းဖြတ်ကွပ် မျက်ခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်မှ ပြောကြားခဲ့သည်။ အဆိုပါခေါင်း ဖြတ်ကွပ်မျက်ခံရသူနှစ်ဦး၏ ရုပ် အလောင်းများကို ဖိလစ်ပိုင်တောင် ပိုင်းရှိ အဘူဆေယက်အဖွဲ့ခြေကုပ် စခန်းတည်ရှိသည့် ဘာဆီလန် ကျွန်းတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါဓားစာခံနှစ်ဦးသည် ပြီးခဲ့ သည့်နှစ်တွင် ယင်း IS အဖွဲ့မှ ပြန် ပေးဆွဲသွားခဲ့သည့် ဗီယက်နမ် သင်္ဘောသား ခြောက်ဦးအနက်မှ နှစ်ဦးဖြစ်ကြောင်း သိရသည်။

ဒေသခံများထံမှ သတိပေးမှု များလက်ခံရရှိပြီးနောက် အဆိုပါ ဦးခေါင်းမဲ့နေသည့် ရုပ်အလောင်း နှစ်လောင်းကိုတွေ့ရှိခဲ့ရခြင်းဖြစ် သည်ဟု ဖိလစ်ပိုင်စစ်တပ်မှ င်္ဗဏ သတင်းဌာနအား ပြောကြားခဲ့ ကြောင်း သိရသည်။ ပြန်ပေးဆွဲခံ ထားရသည့် ဗီယက်နမ်သင်္ဘော သားခြောက်ဦးအနက် တစ်ဦးသည် ပြီးခဲ့သည့်လတွင် ထွက်ပြေးလွတ် မြောက်ခဲ့သည့်အတွက် လက်ရှိတွင် ယငှ်းှု အဖွဲ့လက်ထဲတွင် ဓားစာခံ သုံးဦးကျန်ရှိနေကြောင်းသိရသည်။

အဘူဆေယက်အဖွဲ့သည် ဖိလစ်ပိုင်တောင်ပိုင်းတွင် အကြမ်း ဖက်တိုက်ခိုက်မှုအပြုလုပ်ဆုံးသော ဂျီဟတ်စစ်ဆင်နွှဲနေသည့် အုပ်စု ငယ်တစ်ခုဖြစ်ပြီး ပြန်ပေးဆွဲကာ ငွေတောင်းမှုများနှင့် ခေါင်းဖြတ် ကွပ်မျက်မှုများအပါအဝင် ရက်စက် ယုတ်မာသည့်အပြုအမူများကြောင့် လူသိများသည့ှ်ု အဖွဲ့တစ်ဖွဲ့ဖြစ် သည်။ ဖိလစ်ပိုင်တောင်ပိုင်းတွငှ်ု အဖွဲ့များ၏ အကြမ်းဖက် တိုက်ခိုက်မှုများ မြင့်တက်လာနေ လျက်ရှိပြီး မကြာသေးမီကဖြစ်ပွား ခဲ့သည့် မာရာဝီမြို့တိုက်ပွဲများ အတွင်း လူပေါင်း ၄ဝဝ ကျော် သေဆုံးခဲ့ရသည်။

Ref: BBC News
အလင်းသစ်
The Union Daily
https://www.facebook.com/uniondaily.net/
ဗီယက်နမ်နိုင်ငံသားနှစ်ဦးအား ဖိလစ်ပိုင် IS အဖွဲ့မှခေါင်းဖြတ်ကွပ်မျက် ဗီယက်နမ်နိုင်ငံသားနှစ်ဦးအား ဖိလစ်ပိုင် IS အဖွဲ့မှခေါင်းဖြတ်ကွပ်မျက် Reviewed by THITHTOOLWIN on 06:57 Rating: 5
Powered by Blogger.