မျက်နှာဖုံးအနက်များဝတ်ဆင်ထားသည့် အကြမ်းဖက်သမားများက INGO ဝန်ထမ်းတစ်ဦးအား သတ်ဖြတ်


ဇူလိုင် ၁ ၊၂၀၁၇

မောင်တောမြို့နယ် မကျီးချောင်းနယ်မြေ တပ်ဦးချောင်းကျေးရွာအုပ်စု ဘရုံးနား အနောက်ရွာနေ INGO ဝန်ထမ်း ဖြစ်သူ နုရ်အီစ္စလာမ် ၃၄ နှစ်သည် ၄င်း၏ ဇနီးဖြစ်သူ မိုင်မူနာ ၃၃ နှစ်၊ မရီးဖြစ်သူ ဟူမာရာ ၃၄ နှစ်၊ ဦးလေးဖြစ်သူ မာမတ်အီးနူး ၇၀ နှစ်တို့နှင့်အတူ နေအိမ်၌ အိပ်နေစဉ် ဇွန် ၂၉ ရက် ည ၁၂ နာရီ ၁၀ မိနစ်တွင် ရဲဒင်းနှင့် ဓားများ ကိုင်ဆောင်ထားသော မျက်နှာဖုံးအနက်များ ၀တ်ဆင်ထားသည့် အကြမ်းဖက်သမား (၁၀) ဦးခန့်သည် အိမ်ရှေ့တံခါးအား တွန်းဖွင့်၍ ဝင်ရောက်လာပြီး နုရ်အီစ္စလာမ်အား နေအိမ်အပြင်သို့ဆွဲထုတ်၍ ဓား၊ ရဲဒင်းဖြင့် ခုတ်ခဲ့ရာ ၀ဲပါး၊ ၀ဲဦးခေါင်းနောက်၊ ၀ဲနားရွက်ပြတ်ရှ ဒဏ်ရာများ၊ ၀ဲနားနောက် ထိုးသွင်းဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့သည်။

ယင်း သေဆုံးသွားသော နုရ်အီစ္စလာမ် သည် CFSI အမည်ရှိ INGO တွင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ မှ စတင်၍ ဝင်ရောက်လုပ်ကိုင်နေသော ဝန်ထမ်းတစ်ဦးဖြစ်ကြောင်း၊ CFSI သည် ဖိလစ်ပိုင် နိုင်ငံ မနီလာမြို့တွင် အခြေစိုက်သည့် နိုင်ငံတကာမိသားစု လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်သည့် INGO အဖွဲ့အစည်းဖြစ်ကြောင်း၊ ရန်ကုန်ကမာရွတ်တွင် ရုံးချုပ်ဖွင့်လှစ်ထားပြီး၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် မောင်တော (၃) မိုင်ရပ်ကွက်၌ ရုံးခွဲ စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ၎င်းအဖွဲ့သည်မောင်တောတွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် ပညာပေးရေးလုပ်ငန်းများ လုပ်ဆောင်နေသော အဖွဲ့အစည်းဖြစ်ကြောင်း သိရှိရသည်။

သေဆုံးသူ၏ ရုပ်အလောင်းအား လုံခြုံရေးတပ်ဖွဲ့ဝင်များက မောင်တောဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့် စုံစမ်းစစ်ဆေးလျက်
ရှိကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
မျက်နှာဖုံးအနက်များဝတ်ဆင်ထားသည့် အကြမ်းဖက်သမားများက INGO ဝန်ထမ်းတစ်ဦးအား သတ်ဖြတ် မျက်နှာဖုံးအနက်များဝတ်ဆင်ထားသည့် အကြမ်းဖက်သမားများက INGO ဝန်ထမ်းတစ်ဦးအား သတ်ဖြတ် Reviewed by THITHTOOLWIN on 15:25 Rating: 5
Powered by Blogger.