မိုရာ မုန်တိုင်းဘေးအတွက် ယူရိုငွေတစ်သန်းခွဲ အီးယူ လှူဒါန်းမည်

မုန်တိုင်းကြောင့် စစ်တွေမြို့ မင်းဂံရပ်ကွက် ရထားလမ်းဘေးတလျှောက်က ပျက်စီးသွားတဲ့နေအိမ်ကို မေလ ၃ဝ ရက်နေ့က တွေ့ရစဉ်။ Photo: Min Thein Aung/RFA
ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့မှာ တိုက်ခတ်သွားခဲ့တဲ့ မိုရာ လေမုန်တိုင်းကြောင့် ဒုက္ခရောက်ရသူတွေအတွက် အရေးပေါ် အကူအညီအဖြစ် အီးယူ ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့က ယူရိုငွေ တစ်သန်းခွဲကို ထောက်ပံ့လှူဒါန်းသွား မယ်လို့ အီးယူက ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ယူရိုငွေတစ်သန်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက မိုရာမုန်တိုင်းဘေးသင့် ပြည်သူတွေအတွက် ကူညီသွားမှာဖြစ်ပြီး၊ ကျန် ယူရိုငွေ ငါးသိန်းကိုတော့ မြန်မာနိုင်ငံမှာ မုန်တိုင်းဒဏ် အဓိကခံခဲ့ရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒုက္ခသည်တွေအတွက် ကူညီသွားမယ်လို့ ဆိုပါတယ်။

မေလ ၃၀ ရက်နေ့က တိုက်ခတ်သွားတဲ့ မိုရာ လေမုန်တိုင်းကြောင့် ဘင်္ဂလားဒေ့ရှ်မှာ လူ ၉ ဦး သေဆုံးခဲ့ရပြီး၊ နေအိမ် ၅၂၀၀ လောက် ပျက်စီးခဲ့ရတဲ့အပြင် လူ ၂ သိန်းလောက် ဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့ခဲ့ ရပါတယ်။

RFA Burmese
http://www.rfa.org/burmese
မိုရာ မုန်တိုင်းဘေးအတွက် ယူရိုငွေတစ်သန်းခွဲ အီးယူ လှူဒါန်းမည် မိုရာ မုန်တိုင်းဘေးအတွက် ယူရိုငွေတစ်သန်းခွဲ အီးယူ လှူဒါန်းမည် Reviewed by THITHTOOLWIN on 03:36 Rating: 5
Powered by Blogger.