အလုံမြို့နယ်တွင် အမျိုးသမီးတစ်ဦး နေအိမ်တိုက်ခန်းပေါ်မှခုန်ချမှုဖြစ်


ရန်ကုန်၊ ဇူလိုင် ၎

ဇူလိုင်လ ၄ရက်နေ့ နံနက် ၇နာရီအချိန်ခန့်တွင် အလုံမြို့မရဲစခန်းမှ
တပ်ဖွဲ့ဝင်များသည် အလုံမြို့နယ်၊ လွတ်လပ် ရေးရပ်ကွက်၊ အောင်ဇေယျ
လမ်းတွင် အမျိုးသမီးတစ်ဦး နေအိမ်တိုက်ခန်းပေါ်မှ ခုန်ချသွားကြောင်း
သတင်းအရ သွားရောက်စစ်ဆေးခဲ့ပါသည်။

ထိုသို့ စစ်ဆေးခဲ့ရာ အဆိုပါနေရာရှိ (၆)လွှာတိုက်ခန်းပေါ်မှ ခုန်ချသူမှာ
မ------ဖြစ်ပြီး လွန်ခဲ့သော (၂)နှစ်ခန့်မှ စ၍ တီဘီဆေးများသောက်နေရ
သဖြင့် စိတ်ကျရောဂါခံစားနေရသူဖြစ်ကြောင်း၊ ၎င်းသည် တိုက်ပေါ်မှ
ခုန်မချမီ ရေအိမ်အသုံးပြုသော ကြွေဂျီးချွတ်ဆေးအနည်းငယ်သောက်ကာ
ဝရန်တာမှနေ၍ ခုန်ချခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသို့ ခုန်ချခဲ့သဖြင့် ၀ဲ/ယာခြေချောင်းများနှင့် ခြေသလုံးတို့တွင်
ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာ
(စိုးရိမ်ရ)အဖြစ် ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
အလုံမြို့နယ်တွင် အမျိုးသမီးတစ်ဦး နေအိမ်တိုက်ခန်းပေါ်မှခုန်ချမှုဖြစ်  အလုံမြို့နယ်တွင် အမျိုးသမီးတစ်ဦး နေအိမ်တိုက်ခန်းပေါ်မှခုန်ချမှုဖြစ် Reviewed by THITHTOOLWIN on 16:26 Rating: 5
Powered by Blogger.