ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်းများနေ

ကချင်ပြည်နယ် ငွေပျော်ရွာမှာ ဇွန်လ ၂၈ ရက်ညက ငှက်ဖျားပိုးသယ်ဆောင်နိုင်တဲ့ ခြင်တွေကို ဖမ်းဆီးလေ့လာစဉ်။ Photo: Kyaw Myo Min/RFA
ကချင်ပြည်နယ်မှာ တောတောင်စိမ့်စမ်းပေါများတဲ့ဒေသတွေနဲ့ မှော်နယ်မြေတွေအတွင်း ရွှေ့ပြောင်း လုပ်ကိုင်နေကြသူတွေထဲမှာ ငှက်ဖျားရောဂါဖြစ်ပွား မှုနှုန်းပိုများနေတယ်လို့ သိရပါတယ်။

တောတောင်တွေနဲ့ ဆက်စပ်တဲ့ ရွှေ၊ ပယင်း၊ ကျောက် စတဲ့မှော်နယ်မြေတွေက ရွှေ့ပြောင်းလုပ်ကိုင် နေကြ သူတွေကြားမှာ အခုနှစ်အတွင်း ငှက်ဖျား ဖြစ်ပွားနှုန်း ပိုများနေတယ်လို့ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဋ္ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်ရိန် က ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း မြို့နယ်တိုင်းမှာ ငှက်ဖျားရောဂါ ဖြစ်ပွားမှုတွေရှိနေပေမယ့် တောတောင် တွေထူထပ်တဲ့ မချမ်းဘော့၊ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန် စတဲ့ မြို့နယ်တွေ နဲ့ ရွှေ၊ ပယင်း၊ ကျောက် စတဲ့ မှော်နယ်မြေတွေရှိရာ တနိုင်း နဲ့ မိုးညှင်း စတဲ့ မြို့နယ်တွေမှာ ပိုပြီးဖြစ်ပွားမှုများတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်အတွင်း ငှက်ဖျားရောဂါ လူနာ တစ်သောင်းတစ်ထောင်ကျော် ရှိပြီး သေဆုံးသူ ၃ ယောက် ရှိခဲ့ပါတယ်။ ဒီနှစ်အတွင်း လက်ရှိ အချိန်အထိ ငှက်ဖျားရော ဂါဖြစ်ပွားသူ အရေအတွက်ကို အတိအကျမသိရှိရသေးပေ မယ့် ဖြစ်ပွားသူများနေတာဖြစ်ပါတယ်။

ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ နှစ်စဉ် လျော့ကျလာပြီဖြစ်ပေမယ့် ရခိုင်၊ စစ်ကိုင်း၊ တနင်္သာရီ၊ ကချင်၊ ဧရာဝတီ စတဲ့တိုင်းနဲ့ပြည် နယ်တွေမှာတော့ ဖြစ်ပွားမှုများနေသေး တယ်လို့ သိရပါတယ်။

ပြည်နယ်အတွင်းမှာ ဒီနှစ်အတွင်း ခြင်ကြောင့်ဖြစ်ပွားတဲ့ နောက်ထပ် ရောဂါတစ်မျိုးဖြစ်တဲ့ သွေးလွန်တုပ်ကွေးလူနာ ဒီကနေ့အထိ ၃၀၅ ဦးရှိပြီး သေဆုံးသူ ၂ ယောက်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ ၄ ဦး ရှိခဲ့ပြီး လူဦးရေ ၇၀၀ ကျော် ရောဂါဖြစ်ပွားခဲ့ပါတယ်။

ခြင်ပေါက်ပွားမှုနှုန်းပိုများတဲ့ အခုလို မိုးတွင်းကာလမှာ ငှက်ဖျားနဲ့ သွေးလွန်တုပ်ကွေးရောဂါတွေ အဖြစ်များလေ့ရှိတာကြောင့် ခြင် အကိုက်မခံရအောင် အထူးအလေးထားကြဖို့လည်း ဒေါက်တာ ဇော်ရိန် ကဆိုပါတယ်။

RFA Burmese
http://www.rfa.org/burmese
ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်းများနေ ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်းများနေ Reviewed by THITHTOOLWIN on 20:03 Rating: 5
Powered by Blogger.