ဘရိတ်နှင့်လီဗာ မှားနင်းမှုကြောင့် ယာဉ်တိုက်မှုဖြစ်


မြစ်ကြီးနားမြို့စိမ်းမြဧရာပန်းခြံ၏အုတ်တံတိုင်းအား အသက် ၆၃နှစ် အရွယ်အမျိုးသားတစ်ဦးမောင်းနှင်သော ပါဂျဲရိုးကားတစ်စီးမှ ၀င်တိုက်မှု ယနေ့ နေ့လည် ၁၂နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနားမြို့ ယာဉ်ထိန်းတပ်ဖွဲ့မှုးရုံးမှ သိရသည်။


''သူ့ရှေ့လမ်းကြားကဖြတ်ထွက်လာတဲ့ သုံးဘီးဆိုင်ကယ်ကိုရှောင်ရင်း ကားလက်ကိုင်ကိုဘယ်ဘက်အချိုး ဘရိတ်နဲ့ လီဗာမှားနင်းလိုက်လို့ တဖက်ယာဉ်ကြောကို ရောက်သွားပြီး အုတ်တံတိုင်းဝင်တိုက် လိုက်တာ''ဟု တာဝန်ကျရဲအရာရှိတစ်ဦးပြောသည်။


အုတ်တံတိုင်းဝင်ရောက်တိုက်မိသော်လည်း ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာမရရှိကြောင်း တဖက်ယာဉ်ကြောသို့ရောက်ရှိစဉ် အမျိုးသမီးတစ်ဦးမောင်းနှင်လာသော ဆိုင်ကယ်တစ်စီး၏ ရှေ့ဘီးအား ပွတ်တိုက်မှုဖြစ်ကာ ၎င်းအမျိုးသမီး၏လက်တွင် အနည်းငယ်သာ ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ ကျော်ဦး
The Kachin Times
https://www.facebook.com/KachinTimes.kcn
ဘရိတ်နှင့်လီဗာ မှားနင်းမှုကြောင့် ယာဉ်တိုက်မှုဖြစ် ဘရိတ်နှင့်လီဗာ မှားနင်းမှုကြောင့် ယာဉ်တိုက်မှုဖြစ် Reviewed by THITHTOOLWIN on 20:48 Rating: 5
Powered by Blogger.