သဲချောင်းကျေးရွာနေသူ၂ ဦးပျောက်ဆုံး၍ ငရန့်ချောင်းရပ်ကွက် နေသူ ၂ ဦးသေဆုံးကာ မောင်နှမကျေးရွာနေသူ ၁ ဦး ဖမ်းဆီးခေါ်ဆောင်ခံရ


ဇူလိုင် ၄၊၂၀၁၇

မောင်တောမြို့နယ် သဲချောင်းကျေးရွာနေ နိုင်ဝင်း (ခ) ဂျီယာမန် (၃၁) နှစ် (ဖ) ရှောင်ရူအာလောင်နှင့် အနုဟာမက်စ်(၅၁ နှစ်) တို့နှစ်ဦးသည် ဇွန် ၂ ရက် နံနက် ၁၀ နာရီတွင် နိုင်ဝင်း၏ အိမ်မှ Probox ယာဉ်ဖြင့် ထွက်သွားခဲ့ရာ နေအိမ်သို့ ပြန်လည်ရောက်ရှိလာခြင်းမရှိ၍ မွန်းလွဲ ၂ နာရီတွင် မိသားစုများမှ လိုက်လံရှာဖွေခဲ့ရာ ဇင်ပိုင်ညာဈေးအရှေ့ဘက် ဘောလုံးကွင်း၌ မော်တော်ယာဉ်အား သော့တပ်လျက် တွေ့ရှိရပြီး လူအားမတွေ့ရှိရသဖြင့် ရွာသစ်ကျေးရွာနေအကိုဖြစ်သူက ပြင်ဖြူနယ်မြေရဲစခန်း၌ လူပျောက်အမှုဖွင့်လှစ်၍ စုံစမ်းလျက်ရှိကြောင်း သိရှိရသည်။

ဘူးသီးတောင်မြို့နယ် ယင်းမကျောင်းတောင်ရွာထိပ်၌ ဇွန် ၃ ရက် ညနေ ၆ နာရီ ၁၅ မိနစ်တွင် အမည်မသိလူ (၁၀) ဦးခန့်မှ ငရန့်ချောင်းရပ်ကွက် (၈) နေ ဘိုစိန်ဦး (ခ) မာမောက်ဟာရစ် ၃၁ နှစ် (ဖ) ဆွေယော့ပါနှင့် ရွှေလှ(ခ)မာမောက်ဟာဆောင်းတို့ နှစ်ဦးအား ဓားဖြင့်ထိုးရာ သေဆုံးသွားပြီး အလောင်းအား ယင်းမချောင်းဘက်သို့ သယ်ဆောင်သွားသည်ကို ဘိုစိန်ဦး(ခ) မာမောက်ဟာရစ်၏ အစ်ကိုဝမ်းကွဲ ဆွေယော့ဒူရာမာန်မှ တောင်ဘဇာနယ်မြေစခန်းသို့ လာရောက် သတင်းပို့ခဲ့သည်။

သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဘိုစိန်(ခ) မာမောက် ဟာရစ်တွင် လည်ပင်းပြတ်ရှ ဒဏ်ရာ(၂)ချက်၊ ၀မ်းဗိုက်/ ၀ဲလက်မောင်းတို့တွင် ထိုးသွင်းဒဏ်ရာ (၂) ချက်ဖြင့် လည်းကောင်း၊ ရွှေလှ(ခ) မာမောက်ဟာဆောင်းတွင် ၀မ်းဗိုက်ထိုးသွင်းဒဏ်ရာ (၅) ချက်၊ လည်ပင်း/ ၀ဲခါးတွင် ပြတ်ရှဒဏ်ရှာ (၆)ချက်ဖြင့်လည်းကောင်း သေဆုံးနေ၍ ဘူးသီး တောင်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။
ဓားဖြင့်ထိုးသွားသည့် အမည်မသိလူ (၁၀) ဦးအား တောင်ဘဇာနယ်မြေရဲစခန်း၌ အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း သိရသည်။

အလားတူ ဘူးသီးတောင်မြို့နယ် ငရန့်ချောင်းကျေးရွာအုပ်စု မောင်နှမကျေးရွာနေ အဒူဆူဝမ်း ၅၅ နှစ်သည် ဇူလိုင် ၄ ရက် နံနက် ၁နာရီတွင် နေအိမ်၌ မိသားစုနှင့်အိပ်ပျော်နေစဉ် မျက်နှာဖုံးအနက်များ ဝတ်ဆင်ထားသည့် အမည်မသိလူ ၁၅ ဦးခန့်က နေအိမ်အတွင်း ဝင်ရောက်ပြီး အဒူဆူဝမ်းအား ဓားဖြင့်ထိုးကာဖမ်းဆီးခေါ်ဆောင်သွားမှုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ဇနီးဖြစ်သူက တောင်ဘဇာ နယ်မြေရဲစခန်း၌ အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောဒေသတွင်း အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့သော ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့အထိ အကြမ်းဖက်သတ်ဖြတ်ခံ ရမှုကြောင့် အပြစ်မဲ့ပြည်သူ(၄၃) ဦး သေဆုံးခဲ့ပြီး အကြမ်းဖက်သူများ၏ ဖမ်းဆီးခေါ်ဆောင်သွားမှုကြောင့် အပြစ်မဲ့ ပြည်သူ (၂၆) ဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
သဲချောင်းကျေးရွာနေသူ၂ ဦးပျောက်ဆုံး၍ ငရန့်ချောင်းရပ်ကွက် နေသူ ၂ ဦးသေဆုံးကာ မောင်နှမကျေးရွာနေသူ ၁ ဦး ဖမ်းဆီးခေါ်ဆောင်ခံရ သဲချောင်းကျေးရွာနေသူ၂ ဦးပျောက်ဆုံး၍ ငရန့်ချောင်းရပ်ကွက် နေသူ ၂ ဦးသေဆုံးကာ မောင်နှမကျေးရွာနေသူ ၁ ဦး ဖမ်းဆီးခေါ်ဆောင်ခံရ Reviewed by THITHTOOLWIN on 22:02 Rating: 5
Powered by Blogger.