အကြောက်တရားများနှင့် နေထိုင်နေရကြောင်း ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးကို အောင်ဇေယျရခိုင်ကျေးရွာသားများ တင်ပြ


ဇူလိုင် ၄ ၊ မောင်တော

ရခိုင်ပြည်နယ်သို့ လာရောက်လေ့လာနေသည့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မနက် ၆ နာရီ ၄၀ မိနစ်ခန့်တွင် မောင်တောမြို့နယ် ၊ အောင်ဇေယျရခိုင်ကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံခဲ့ရာ ဒေသခံများက အကြမ်းဖက်ဘင်္ဂလီများအား စိုးရိမ်ကြောက်လန့်နေရသဖြင့် လွတ်လပ်စွာ လုပ်ကိုင်စားသောက်ခွင့်မရဘဲ အကြောက်တရားများနှင့်သာ သွားလာနေထိုင်နေရကြောင်း ပြောဆိုတင်ပြခဲ့ကြကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ မဟာမင်းကြီး Mr. Filippo Grandi က ဒုက္ခရောက်နေသည့် အချိန်များတွင် အကူအညီပေးနိုင်သော်လည်း အမြဲတမ်းတော့ ကူညီပေးနိုင်မှာမဟုတ်ကြောင်းနှင့် ကူညီလျှင်လည်း နှစ်ဖက်အသိုင်အဝိုင်းကို ကူညီပေးသွားမည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် ကျီးကန်းပြင်အနောက်ဘင်္ဂလီရွာသို့ ခရီးဆက်သွားကြပြီး ဘင်္ဂလီကျေးရွာများမှ ဘာသာရေးခေါင်းဆောင်များ မော်လဝီများနှင့်တွေ့ဆုံခဲ့ကြရာ ဘင်္ဂလီများဖက်က လွတ်လပ်စွာသွားလာခွင့်ရှိရေး၊ နိုင်ငံသားဖြစ်ခွင့်ရှိရေးနှင့် ဒေသတစ်ခုမှတစ်ခုသို့ သွားလာစဉ် ဒေသခံအာဏာပိုင်များအား ငွေကြေးပေးဆောင်ရမှု စသည်တို့ကို တင်ပြခဲ့ကြကြောင်း သိရှိရသည်။

ဓာတ်ပုံ - ချလူးအောင် / DMG
ချလူးအောင် / DMG
Development Media Group
https://www.facebook.com/dmgnewsagency/
အကြောက်တရားများနှင့် နေထိုင်နေရကြောင်း ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးကို အောင်ဇေယျရခိုင်ကျေးရွာသားများ တင်ပြ အကြောက်တရားများနှင့် နေထိုင်နေရကြောင်း ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးကို အောင်ဇေယျရခိုင်ကျေးရွာသားများ တင်ပြ Reviewed by THITHTOOLWIN on 16:47 Rating: 5
Powered by Blogger.