မုံရွာခရိုင်ရဲရုးံသို့ စာပို့လာသော ဘုတလင်ရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး လမ်းတွင်ကားတိုက်ခံရ


မုံရွာ၊ ဇူလိုင် ၃။

မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ စာပို့ရန် ဆိုင်ကယ်ဖြင့်လာာသော ဘုတလင်မြို့နယ် ကူတော် ရဲကင်းစခန်းမှ ရဲတပ်ကြပ်တစ်ဦး လမ်းတွင် ကားတိုက်ခံရကြောင်း သတင်းရရှိသည်။

ဇူလိုင် ၁ ရက်နေ့ မွန်းလွဲ ၁နာရီက ရဲတပ်ကြပ် အွန်ယောသည် စာပို့တာဝန်ကျ၍ ဘုတလင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ စာများကို ယူကာ မုံရွာ-ရေဦးလမ်းအတိုင်း ဆိုင်ကယ် မောင်းလာခဲ့သည်။

၎င်းသည် မုံရွာမြို့အ၀င် အလုံရပ်ကွက်အမှတ် ၂ ကျောင်းရှေ့လမ်းမအရောက် လမ်းဘေးရပ်ထားသော ကားမှ ရုတ်တရက်မောင်း ထွက်မှုကြောင့် ချိတ်တိုက်မိကာ ဆိုင်ကယ်လဲကျသွားခဲ့သည်။ ကားမှာ ပြန်လှည့်မကြည့်ပဲ မုံရွာမြို့ဘက်သို့ ထွက်ပြေးမောင်းနှင်သွားခဲ့ကြောင်း ကာယကံရှင် ရဲတပ်ကြပ်၏ ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားချက်အရ သိရသည်။

ကားဖြင့်ချိတ်ခံရခြင်းကြောင့် ရဲတပ်ကြပ်မှာ ပွန်းပဲ့ဒဏ်ရာ ညှပ်ရိုးဖူးရောင် ဒဏ်ရာများဖြင့် ဆေးကုသခံရပြီး ယာဉ်အားမဆင်မခြင်မောင်းကာ ထွက်ပြေး သွားသူကို မုံရွာမြို့မရဲစခန်းတွင် တိုင်ကြားမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

နှင်းမောင်
Central News Myanmar
https://www.facebook.com/CNMyanmar/
မုံရွာခရိုင်ရဲရုးံသို့ စာပို့လာသော ဘုတလင်ရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး လမ်းတွင်ကားတိုက်ခံရ မုံရွာခရိုင်ရဲရုးံသို့ စာပို့လာသော ဘုတလင်ရဲစခန်းမှ ရဲတပ်ကြပ်တစ်ဦး လမ်းတွင်ကားတိုက်ခံရ Reviewed by THITHTOOLWIN on 16:35 Rating: 5
Powered by Blogger.