ရာအိမ်မှူးနှင့် အဖွဲ့အား ဓားရှည်ကိုင်ဆောင်ထားသည့် အကြမ်းဖက်အဖွဲ့မှ ဝိုင်းဝန်းခုတ်သတ်မှုကြောင့် (၂)ဦး သေဆုံး


ဇူလိုင် ၁၊၂၀၁၇

မောင်တောမြို့နယ် ပေါင်းဇားကျေးရွာအုပ်စု ပြင်ဖြူ ကျေးရွာ ပြင်ဖြူ လမ်းဆုံ ဈေးတန်းတွင်ရှိသည့် ပုဇွန်ဒိုင်တွင် ယနေ့ ဇွန် ၃၀ ရက် နံနက် ၉ နာရီ၁၅ မိနစ် က မာမတ်အာရပ်ဖ် ၃၉ နှစ်၊ မာမတ်အီနူး ၃၅ နှစ်၊ပြင်ဖြူ ရာအိမ်မှူး မာမွတ်တာမောက် ၅၃ နှစ်၊ အဒူရောကိန်း ၄၅ နှစ်၊ ပေါင်းဇားရွာနေ ပုဇွန်ဒိုင် စာရေး မောင်စိုး၂၁ နှစ်နှင့် အဒူရှူကူ တို့အတူရှိနေစဉ် လဘော်ဇားကျေးရွာဘက်မှ ဓားရှည် ကိုယ်စီကိုင်ဆောင်ထားသော လူ ၁၅ ဦးခန့် က ပုဇွန်ဒိုင်အတွင်း ဝင်ရောက်ပြီး ဝိုင်းဝန်းခုတ်သတ်မှု ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ဓားရှည်ဖြင့် ဝိုင်းဝန်းခုတ်မှုကြောင့် ပေါင်းဇားရွာသား မာမတ်အာရပ်ဖ် နှင့် မာမတ်အီနူး တို့နှစ်ဦးမှာ နေရာတွင်ပင် သေဆုံးခဲ့သည်။

ရာအိမ်မှူးမာမွတ်တာမောက် တွင် ယာပါးပြင်ပြတ်ရှဒဏ်ရာ နှင့်ဝဲလက်ကောက်ဝတ်ကျိုး ဒဏ်ရာ များ ရရှိခဲ့ပြီး(မစိုးရိမ်ရ) ပုဇွန်ဒိုင်စာရေး အဒူရော်ကိန်းနှင့်မောင်စိုးတို့ နှစ်ဦးသည် ဒဏ်ရာမရရှိဘဲ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်းသိရသည်။

ဓားရှည်ကိုင်ဆောင်သည့် အကြမ်းဖက်အဖွဲ့သည် လဘော်ဇားကျေးရွာဘက်သို့ ထွက်ပြေးသွားကြောင်းသိရှိရပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ ပြင်ဖြူ နယ်မြေရဲစခန်း၌ အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
ရာအိမ်မှူးနှင့် အဖွဲ့အား ဓားရှည်ကိုင်ဆောင်ထားသည့် အကြမ်းဖက်အဖွဲ့မှ ဝိုင်းဝန်းခုတ်သတ်မှုကြောင့် (၂)ဦး သေဆုံး ရာအိမ်မှူးနှင့် အဖွဲ့အား ဓားရှည်ကိုင်ဆောင်ထားသည့် အကြမ်းဖက်အဖွဲ့မှ ဝိုင်းဝန်းခုတ်သတ်မှုကြောင့် (၂)ဦး သေဆုံး Reviewed by THITHTOOLWIN on 15:26 Rating: 5
Powered by Blogger.