နီပေါတွင် တစ်နှစ်တာအတွင်း လူပေါင်း ၆,၀၀၀ ကျော် လူကုန်ကူးခံရ၊ ၄,၀၀၀ ဦးခန့်ပျောက်ဆုံးနေဟုဆို

လူကုန်မူးမှု တားဆီးကာကွယ်ရေး ပိုစတာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)
    ခတ္တမန္ဒူ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

    နီပေါနိုင်ငံတွင် ၂၀၁၅-၂၀၁၆  ဘဏ္ဍာနှစ် တစ်နှစ်အတွင်းမှာပင် နီပေါနိုင်ငံသား ၆,၀၀၀ ကျော် လူကုန်ကူးခံခဲ့ရကြောင်း အမျိုးသား လူ့အခွင့်အရေးကော်မရှင် (NHRC) မှ ဇူလိုင်လ ၄ ရက်တွင် နောက်ဆုံးထုတ်ပြန်သည့် သတင်းအရ သိရသည်။

NHRC ဝက်ဘ်ဆိုက်တွင် တင်ထားသည့် “၂၀၁၅-၂၀၁၆ ခုနှစ် လူကုန်ကူးမှု” အစီရင်ခံစာအရ လူပေါင်း ၄,၀၀၀ ဝန်းကျင် ပျောက်ဆုံးနေကြောင်း၊ ယင်းအနက် ၇၀ ရာခိုင်နှုန်းမှာ မိန်းကလေးများ ဖြစ်ကြောင်း သိရသည်။

အစီရင်ခံစာအရ လူကုန်ကူးမှုတွင် အနည်းဆုံး နစ်နာသူပေါင်း ၂၃,၂၀၀ ဦးရှိကြောင်း၊ ယင်းအနက် ၆,၁၀၀ ဦးမှာ လူကုန်ကူးခံခဲ့ရသူ ဖြစ်ကြောင်း၊ လူ ၁၃,၆၀၀ ဦးမှာ လူကုန်ကူးရန် ကြိုးပမ်းခံခဲ့ရကြောင်းနှင့် လူ ၃,၉၀၀ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း သိရသည်။

NHRC က ၂၀၀၅ ခုနှစ်တွင် လူကုန်ကူးမှုဆိုင်ရာ အမျိုးသား အစီရင်ခံစာများ ထုတ်ပြန်ခဲ့သည်။ အစိုးရရော အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ခရိုင်အသီးသီး၌ သွားရောက် လေ့လာကွင်းဆင်း၊ စောင့်ကြည့်မှုအပေါ် အခြေခံထားသည့် အချက်အလက်များ ဖြစ်ကြောင်း သိရသည်။

(Xinhua)
http://xinhuamyanmar.com
နီပေါတွင် တစ်နှစ်တာအတွင်း လူပေါင်း ၆,၀၀၀ ကျော် လူကုန်ကူးခံရ၊ ၄,၀၀၀ ဦးခန့်ပျောက်ဆုံးနေဟုဆို နီပေါတွင် တစ်နှစ်တာအတွင်း လူပေါင်း ၆,၀၀၀ ကျော် လူကုန်ကူးခံရ၊ ၄,၀၀၀ ဦးခန့်ပျောက်ဆုံးနေဟုဆို Reviewed by THITHTOOLWIN on 16:02 Rating: 5
Powered by Blogger.