သစ်တင်ဆိုင်ကယ် ၁၄ စီးဖြင့် တင်ဆောင်လာသော ကျွန်းသစ်များဖမ်းဆီးရမိ


မင်းလှ ဇူလိုင် ၃

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မင်းလှမြို့နယ် သရက်တပင်အုပ်စု သရက်တင်ကာဆုံတွင် သစ်တင်ဆိုင်ကယ်များဖြင့် ကျွန်းသစ်များ တင်ဆောင်လာသည့်ဆိုင်ကယ် ၁၄ စီးအား ဇူလိုင် ၃ ရက် နံနက် ၁ဝ နာရီ ၁၅ မိနစ်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သရက်တပင်တာဆုံရဲကင်းမှူး တပ်ကြပ်ကြီးမြင့်ဌေးနှင့်အဖွဲ့ ၊ တောအုပ် ဦးသိန်းမင်းထွန်း၊ တောခေါင်း ဦးကျော်ဝင်းဦးတို့က သတင်းအရ ရန်ကုန်-ပြည်ကားလမ်းမအတိုင်း ရန်ကုန်ဘက်မှ ပြည်ဘက်သို့သစ်တင်ဆိုင်ကယ်များဖြင့် ကျွန်းသစ်များကို တင်ဆောင် မောင်းနှင်လာသော ဦးမင်းမင်း၊ ဦးလှစိုး၊ ဦးသန့်ဇော်ဝင်း၊ ဦးဝင်းဇော်၊ ဦးမျိုးမင်းဝင်း၊ ဦးအောင်ကိုထွန်းတို့ကို ဖမ်းဆီးနိုင်ခဲ့ရာ သစ်တင်ဆိုင်ကယ် ၁၄ စီး၊ သစ်တင်ဆိုင်ကယ်မောင်းနှင်သူ ၁၅ ဦး စုစုပေါင်းကျွန်းသစ်လုံး ၂ဝ၊ ခွဲသား နှစ်ချောင်း စုစုပေါင်း ၂ ဒသမ ဝ၉၄ တန်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အမှုအားမင်းလှမြို့နယ်သစ်တောဦးစီးဌာနက တရားလိုပြုလုပ်၍ ဥပဒေနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပေါက်စ / မင်းလှ
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သစ်တင်ဆိုင်ကယ် ၁၄ စီးဖြင့် တင်ဆောင်လာသော ကျွန်းသစ်များဖမ်းဆီးရမိ သစ်တင်ဆိုင်ကယ် ၁၄ စီးဖြင့် တင်ဆောင်လာသော ကျွန်းသစ်များဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:49 Rating: 5
Powered by Blogger.