လေးလောင်းပြိုင်လူသတ်မှု ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်ကို ကာယကံရှင် မိသားစုပြန်လည်ရှင်းလင်း

လေးလောင်းပြိုင်လူသတ်မှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်ဟာ လက်တွေ့နဲ့ကွဲလွဲချက်တွေရှိတယ်လို့ဆိုကာ အခုလ(၃)ရက်က ကာယကံရှင်တွေရဲ့ နှစ်ဖက်မိဘတွေက မီဒီယာတွေကိုတွေ့ဆုံပြီး ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

 ကိုစိုးနောင်ဟာ ထုတ်ပြန်ချက်မှာပါရှိသလို ဘယ်သန်မဟုတ်ပဲ ညာသန်တစ်ယောက်ဖြစ်ပြီး မသင်္ကာဖွယ်လူ(၃)ဦး နဲ့ပတ်သတ်ပြီင်္း စုံစမ်းနေဆဲကာလအတွင်း ကာယကံရှင် ကိုစိုးနောင်ကိုယ်တိုင်မိသားစုကိုပြန်သတ်တယ်လို့ ထုတ်ပြန်ချက်ကို ပြန်လည်စိစစ်စေလိုတယ်လို့ အကိုဖြစ်သူ ဆရာတော်ဦးဝိစာရက ပြောပါတယ်။

 ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ၈လပိုင်း (၂၀)ရက်က မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်စု ပတ္တမြားမြို့သစ်နေ ဒုရဲအုပ်ဟောင်း ကိုစိုးနောင်၊ဇနီးဖြစ်သူ မချယ်ရီပွင့် ၊သားဖြစ်သူ မောင်ဟန်သူရ နဲ့စွမ်းထက်မြတ်တို့ လေဦးစလုံးနေအိမ်မှာသေဆုံးခဲ့တာဖြစ်ပြီး ဒီအမှုနဲ့ ပတ်သက်ပြီး အခုနှစ် ဇွန်လ(၂၉)ရက်က ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ချက် တစ်ခု ထုတ်ပြန်ခဲ့တာပဲဖြစ်ပါတယ်။

5 PLUS NEWS
https://www.facebook.com/5plusnews
လေးလောင်းပြိုင်လူသတ်မှု ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်ကို ကာယကံရှင် မိသားစုပြန်လည်ရှင်းလင်း လေးလောင်းပြိုင်လူသတ်မှု ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်ကို ကာယကံရှင် မိသားစုပြန်လည်ရှင်းလင်း Reviewed by THITHTOOLWIN on 17:57 Rating: 5
Powered by Blogger.