ကမာရွတ်မြို့နယ်တွင် ခါးပိုက်နှိုက်မှုကျူးလွန်သူများကို ဓားလက်နက်နှင့် အတူတွေ့ရှိဖမ်းဆီးရမိသဖြင့် အမှုဖွင့်အရေးယူ


ရန်ကုန်၊ ဇူလိုင် ၎

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းဖော်ထုတ်ရေး ရဲတပ်ဖွဲ့ဝင်များ
သည် ဇွန်လ ၃၀ ရက်နေ့က နယ်မြေအတွင်း မှုခင်းများမဖြစ်ပွားစေရေး၊
ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက်မှုကျူးလွန်သူများ ဖမ်းဆီးရမိရေး သတင်းစုံစမ်း
ဆောင်ရွက်နေစဉ် နံနက် ၉နာရီခွဲအချိန်တွင် ကမာရွတ်မြို့နယ်၊ အင်းစိန်
လမ်းပေါ်ရှိ လှည့်တန်းမှတ်တိုင်တွင် YBS ယာဉ်လိုင်းအမှတ် (၆၅)ပေါ်မှ
ဆင်းလာသူ သာကေတမြို့နယ်နေသူများဖြစ်ကြသည့် ဆန်းမင်းဦး၊
(၂၂)နှစ်၊ ကိုဖြိုး၊ (၂၃)နှစ်နှင့် အေးလင်း၊ (၃၀)တို့သုံးဦးအားမသင်္ကာတွေ့ရှိ
သဖြင့် ထိန်းသိမ်းစစ်မေးရာ ဆန်းမင်းဦး၏ ခါးကြားအတွင်းမှ အရိုးအသွား
(၈)လက်မခန့်ရှိ ဓားတစ်ချောင်းအားတွေ့ရှိရပြီး ကိုဖြိုး လွယ်ထားသော
ကျောပိုးအိတ်အတွင်းမှလည်း ငွေကျပ်၂၈၅၀၀ တွေ့ရှိရသဖြင့် ငွေများနှင့်
ပတ်သက် ၍ စစ်ဆေးရာ ယာဉ်ပေါ်ပါအသက် (၃၀)နှစ်ခန့်ရှိ အမျိုးသား
တစ်ဦးလွယ်ထားသောကျောပိုးအိတ်အတွင်းမှ ဇစ်ဖွင့်နှိုက်ယူရရှိခဲ့သော
ငွေများဖြစ်ကြောင်း စစ်ဆေးသိရှိရပါသည်။

ယင်းသို့ စစ်ဆေးတွေ့ရှိသဖြင့် ဆန်းမင်းဦးအား ကမာရွတ်မြို့မရဲ
စခန်း(ပ)၂၄၂/၂၀၁၇၊ လက်နက်များအက်ဥပဒေပုဒ်မ ၁၉(င)ဖြင့်
လည်းကောင်း၊ ခါးပိုက်နှိုက်ပြစ်မှုကျူးလွန်သူ ကိုဖြိုးပါ (၃)ဦးတို့အား
ကမာရွတ်မြို့မရဲ စခန်း(ပ)၂၄၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉(နှိုက်)
/၅၄ဖြင့်လည်းကောင်း အရေးယူဆောင်ရွက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် YBS ယာဉ်လိုင်းများပေါ်တွင်
ခါးပိုက်နှိုက်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေး စဉ်ဆက်မပြတ်ဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice/
ကမာရွတ်မြို့နယ်တွင် ခါးပိုက်နှိုက်မှုကျူးလွန်သူများကို ဓားလက်နက်နှင့် အတူတွေ့ရှိဖမ်းဆီးရမိသဖြင့် အမှုဖွင့်အရေးယူ ကမာရွတ်မြို့နယ်တွင် ခါးပိုက်နှိုက်မှုကျူးလွန်သူများကို ဓားလက်နက်နှင့် အတူတွေ့ရှိဖမ်းဆီးရမိသဖြင့် အမှုဖွင့်အရေးယူ Reviewed by THITHTOOLWIN on 16:26 Rating: 5
Powered by Blogger.