လယ်မြေကိစ္စနှင့်မောင်နှမချင်း စကားများပြီး ဓားခုတ်မှုဖြစ်ပွားရာမှ နှမဖြစ်သူ သေဆုံး


နေပြည်တော် ဇူလိုင် ၎

နေပြည်တော်လယ်ဝေးမြို့နယ် ပိတောက်ချောင်ကျေးရွာအုပ်စု ပိတောက်ချောင်ကျေးရွာတွင် ဓား ခုတ်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ၂ရက် ည ၈နာရီက ရာအိမ်မှူး ဦးညွန့်အောင် သတင်းပေးချက်အရ အေလာနယ် မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်ကျော် ကျော်ဦးနှင့်အဖွဲ့သည် အခင်းဖြစ် သည့် ပိတောက်ချောင်ကျေးရွာ မြောက်ဘက်အစွန်ရှိ ကျေးရွာ ထွေ/ အုပ်စာရေး ကိုနေလင်းအိမ်တွင် ဓားခုတ်မှု့ဖြစ်ပွားကြောင်း သတင်း အရသွားရောက်ခဲ့ပါသည်။

 စာရေးကိုနေလင်း၏ အစ်ကိုဖြစ်သူ ကိုနေဝင်းက အစ်မဖြစ်သူ ဒေါ်ခင်စန်းအေးအား လယ်မြေကိစ္စနှင့်ပတ်သက်ပြီးစကား များကြကာ ကိုနေဝင်းက နေအိမ် အောက်ထပ်ရှိ ခုတင်ခေါင်းရင်းတွင် ထိုးထားသောနှစ်ပေခန့်ရှိ ငှက်ကြီး တောင်ဓားနှင့် ခုတ်လိုက်သဖြင့် ဒေါ်ခင်စန်းအေး(၄၄နှစ်)ပိတောက် ချောင်ရွာလယ်ဝေးမြို့နေသူတွင် ဝဲ ဘက်နားရွက်မှပါးထိပြတ်ရှဒဏ်ရာ တစ်ချက်ရရှိခဲ့ပါသည်။

 ဦးသန်းကျော်၊ ဦးညွန့်စိန်နှင့် ၄င်းမိသားစုဝင်များက ခုတင် ၁ဝဝဝ ဆေးရုံနေပြည်တော် သို့ပို့ဆောင်ဆေးကုခဲ့ပြီး အေလာ နယ်မြေရဲစခန်းမှ ကိုနေဝင်းအား (ပ)၁၇၅/၂ဝ၁၇ ရာဇသတ်ကြီး ပုဒ်မ-၃၂၆ဖြင့် ပြောင်းလဲအမှုဖွင့်ခဲ့ပါသည်။

 ခုတင် ၁ဝဝဝတွင်ဆေးကုသခံ ယူနေသော ဒေါ်ခင်စန်းအေးမှာ ဇွန်လ ၃ ရက်နေ့နံနက်ပိုင်းတွင်သေဆုံးသွား ခဲ့သဖြင့် ကိုနေဝင်းအား (ပ)၁၇၅/ ၂ဝ၁၇ ရာဇသတ်ကြီးပုဒ်မ-၃ဝ၂ ဖြင့် ပြောင်းလဲအမှုဖွင့်ပြီး အေလာ စခန်းမှူး ရဲအုပ်ကျော်ကျော်ဦးက ဆက်လက်စစ်ဆေးဆာင်ရွက်လျက် ရှိကြောင်း သိရသည်။

ALT
The Union Daily
https://www.facebook.com/uniondaily.net/

လယ်မြေကိစ္စနှင့်မောင်နှမချင်း စကားများပြီး ဓားခုတ်မှုဖြစ်ပွားရာမှ နှမဖြစ်သူ သေဆုံး လယ်မြေကိစ္စနှင့်မောင်နှမချင်း စကားများပြီး ဓားခုတ်မှုဖြစ်ပွားရာမှ နှမဖြစ်သူ သေဆုံး Reviewed by THITHTOOLWIN on 18:52 Rating: 5
Powered by Blogger.