ကော့သောင်းမြို့တွင် ယာဉ်စည်းကမ်းဆောင်ရွက်စဉ် လက်နက်များဖမ်းဆီးရမိ


ကော့သောင်း ၊ ဇူလိုင် ၅

ကော့သောင်းမြို့ ၊ ရွှေဇင်ယော်ရပ်ကွက် ၊ မြရည်ပုလဲလမ်းပေါ်တွင် ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ ယာဉ်စည်းကမ်းလမ်းစည်းကမ်း လုပ်ငန်းများဆောင်ရွက် ဇူလိုင် ၅ ရက်နံနက်ပိုင်း က မော်တော်ဆိုင်ကယ်တစ်စီးထံမှ ခြောက်လုံးပြူးသေနတ် နှစ်လက် ဖမ်းဆီးရမိသည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားသည်။

ဖြစ်စဉ်မှာအဆိုပါနေ့ နံနက်ပိုင်း က နယ်ထိန်းအဖွဲ့ခေါင်းဆောင် ဒုရဲအုပ် သက်ပိုင်ဦး နှင့် အမှတ်(၇၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စု နှင့်တာဝန်ရှိအဖွဲ့အစည်းများရွှေဇင်ယော်ရပ်ကွက်၊ မြရည်ပုလဲလမ်း ၊ နန္ဒ၀န်ဈေးအနီး ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာရေးလုပ်ငန်းများဆောင်ရွက်စဉ် အေးရိပ်ငြိမ်ရပ်ကွက်ဘက်မှ မြို့တွင်းသို့ ဖောသုတ်ကျေးရွာနေအေးသောင်း နှင့် လုံးဖောကျေးရွာအုပ်စု၊အေးမြမင်္ဂလာကျေးရွာနေထိုင်သူ နိုင်လင်းတို့ နှစ်ဦးမောင်းနင်လာသည့် ယာဉ်အမှတ်မပါ ဟွန်ဒါ WAVE-----နက်/နီညိုရောင်ဆိုင်ကယ်အားရပ်တန့် စစ်ဆေးရာဆိုင်ကယ်ထိုင်ခုံတူးဘောက်အတွင်း မှ အ၀တ်အစားများဖြင့်ပတ်ထားသည့် ကျည် ၆တောင့်ထည့်လျှက် ၃၂ဗို့ခြောက်လုံးပြူးတစ်လက် နှင့် ကျည်ကဒ်အတွင်းကျည်(၆)တောင့်ထည့်ထားသည့် ဂျာမဏီနိုင်ငံလုပ် ၄၅ ပစ္စတိုတစ်လက် နှင့် သီးခြားပစ္စတိုကျည်(၆)တောင့်အားဖမ်းဆီးရမိခြင်းဖြစ်သည်။

ဖြစ်စဉ် နှင့်စပ်လျဉ်း၍ လက်နက်များဖမ်းဆီးရမိသူအေးသောင်း နှင့် နိုင်လင်း (၂)ဦးအားကော့သောင်းမြို့နယ်ရဲတပ်ဖွဲ့စခန်းမှ လက်နက်ဥပဒေဖြင့် ဆက်လက် စစ်ဆေးအရေးယူဆောင်ရွက်လျှက်ရှိကြောင်းသတင်းရရှိသည်။

ကျော်စိုး (ကော့သောင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကော့သောင်းမြို့တွင် ယာဉ်စည်းကမ်းဆောင်ရွက်စဉ် လက်နက်များဖမ်းဆီးရမိ ကော့သောင်းမြို့တွင် ယာဉ်စည်းကမ်းဆောင်ရွက်စဉ် လက်နက်များဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 19:56 Rating: 5
Powered by Blogger.