ချင်းတွင်းမြစ်အတွင်း အမြန်ရေယာဉ်တစ်စင်းမီးလောင်


ဇူလိုင် - ၎

ချင်းတွင်းမြစ်အတွင်းမှာ ဒီနေ့ မွန်းလွဲပိုင်း ၁ နာရီ ၅၀ မိနစ်က အမြန်ရေယာဉ်တစ်စင်း မီးလောင်မှု ဖြစ်ပွားပါတယ်။

မုံရွာ- မောက္ကတော်သွား အမြန်ရေယာဉ်ဖြစ်ပြီး ကနီမြို့နယ် မဲဒင်ရွာနဲ့ စဖိုကြီးရွာကြားမှာ လောင်ကျွမ်းတာလို့ ကနီဒေသခံ တစ်ဦးက ပြောပါတယ်။

၂ နာရီ ၁၀ မိနစ်မှာ မီးငြိမ်းသွားတယ်လို့လည်း သိရပါတယ်။

ခရီးသည် ၅၃ ဦးပါဝင်ပြီး ထိခိုက်မှု နဲ့ သေဆုံးမှုတော့ မရှိဘူးလို့ ကနဦးသတင်းရပါတယ်။

Monywa Gazette
https://www.facebook.com/monywagazette/


ချင်းတွင်းမြစ်အတွင်း အမြန်ရေယာဉ်တစ်စင်းမီးလောင် ချင်းတွင်းမြစ်အတွင်း အမြန်ရေယာဉ်တစ်စင်းမီးလောင် Reviewed by THITHTOOLWIN on 16:55 Rating: 5
Powered by Blogger.