လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁၁)လုံး အမိုးလန်ပျက်စီး


လက်ပံတန်း ဇူလိုင် ၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ရေငန်ကျေးရွာအုပ်စု တောင်ပေါ်စု ကျေးရွာတွင် ဇူလိုင် ၃ရက် နံနက် ၉နာရီခွဲ အချိန်ခန့်က လေပြင်းတိုက် ခတ်မှုကြောင့် နေအိမ်(၁၁)လုံး အမိုးလန်ပျက်စီး ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် လူ၊ တိရစ္ဆာန်များ သေဆုံးမှုမရှိကြောင်း၊ လေပြင်းတိုက်ခတ် မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များအား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကူညီရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁၁)လုံး အမိုးလန်ပျက်စီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁၁)လုံး အမိုးလန်ပျက်စီး Reviewed by THITHTOOLWIN on 15:57 Rating: 5
Powered by Blogger.