ကမ္ဘာ့နိုင်ငံ အသီးသီးမှ နေထိုင်စရိတ် ကြီးမြင့်သော မြို့များ၌ ရန်ကုန်မြို့သည် ၆၇ ခုမြောက်အဖြစ် သတ်မှတ် ခံထားရ


ရန်ကုန် ဇူလိုင် ၂

Mercer အဖွဲ့အစည်းမှ နှစ်စဉ်ထုတ်ပြန်သော နိုင်ငံခြားခရီးသွား ဧည့်သည်များအတွက် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ နေ ထိုင်စရိတ် ကြီးမြင့်သော မြို့များကို အဆင့်အလိုက် ဖော်ပြချက်အရ ရန်ကုန်မြို့သည် ယခုနှစ်အတွက် ၆၇ ခုမြောက် နေထိုင်စရိတ် ကြီးမြင့်သော မြို့အဖြစ် သတ်မှတ်ခံထားရကြောင်း သိရသည်။


ရန်ကုန်မြို့သည် အာရှတိုက်၌ နေထိုင်စရိတ် အကြီးမြင့်ဆုံး မြို့များတွင် ပါဝင်နေဆဲဖြစ်ပြီး ဂျာမနီမှ မြူးနစ်မြို့၊ ကာ တာမှ ဒိုဟာမြို့နှင့် အီတလီမှ ရောမမြို့တို့ထက်ပို၍ နေထိုင်စရိတ်ကြီးမြင့်သော မြို့တစ်မြို့အဖြစ် ရှိနေကြောင်း သိရသည်။ နေထိုင်စားသောက်စရိတ်၊ သွားလာရေးစရိတ်များနှင့် ဖျော်ဖြေရေးစရိတ်များကို အခြေခံ တွက်ချက်သော ယင်းစစ်တမ်းအရ ပြီးခဲ့သောနှစ်တွင် ရန်ကုန်မြို့သည် ကမ္ဘာပေါ်တွင် ၃၉ ခုမြောက် နေထိုင်စရိတ် အကြီးမြင့်ဆုံး မြို့ ဖြစ်ခဲ့သော်လည်း ယခုနှစ်တွင် ၆၇ ခုမြောက်အဖြစ် သတ်မှတ်ခံရခြင်း ဖြစ်သည်။

အာရှတိုက်တွင် နေထိုင်စရိတ် အကြီးမြင့်ဆုံး နိုင်ငံများအဖြစ် ဟောင်ကောင်၊ ဂျပန်၊ စင်ကာပူနှင့် တရုတ်နိုင်ငံတို့ဖြစ်ပြီး ကမ္ဘာပေါ်တွင် နေထိုင်စရိတ် အကြီးမြင့်ဆုံး နိုင်ငံအဖြစ် တောင်အာဖရိကမှ အင်ဂိုလာနိုင်ငံ၊ ဒုတိယ နိုင်ငံအဖြစ် ဟောင်ကောင်၊ တတိယနိုင်ငံအဖြစ် ဂျပန်နိုင်ငံတို့ဖြစ်သည်။ ရန်ကုန်မြို့ သည် နိုင်ငံခြား ခရီးသွား ဧည့်သည်များ ပိုမိုဝင်ရောက်လာသည်နှင့်အတူ ခရီးသွားကုန် ကျစရိတ်များ၊ သွားလာဆက်သွယ်ရေး စရိတ်များမှာ ယခင်ကထက် သိသာစွာ သက်သာလာ သည့်အတွက် နေထိုင်မှုစရိတ် အကြီးဆုံး နိုင်ငံစာရင်းမှ တဖြည်းဖြည်း လျော့ကျလာပြီး နိုင်ငံခြားခရီးသွား ဧည့်သည်များအတွက် စရိတ်သက်သာသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာနိုင်ကြောင်း ခရီးသွား အေဂျင်စီ တစ်ခုမှ သိရသည်။

မြ၀တီ
https://www.facebook.com/mwdmedia
ကမ္ဘာ့နိုင်ငံ အသီးသီးမှ နေထိုင်စရိတ် ကြီးမြင့်သော မြို့များ၌ ရန်ကုန်မြို့သည် ၆၇ ခုမြောက်အဖြစ် သတ်မှတ် ခံထားရ ကမ္ဘာ့နိုင်ငံ အသီးသီးမှ နေထိုင်စရိတ် ကြီးမြင့်သော မြို့များ၌ ရန်ကုန်မြို့သည် ၆၇ ခုမြောက်အဖြစ် သတ်မှတ် ခံထားရ Reviewed by THITHTOOLWIN on 15:54 Rating: 5
Powered by Blogger.