ဗင်နီဇွဲလား နိုင်ငံ တွင် လေယာဉ်ငယ် တစ်စင်း ပျက်ကျ ခဲ့ပြီး လိုက်ပါသွား ခဲ့သည့် လူ ၉ ဦး ပျောက်ဆုံးနေ

လေယာဉ် ပျက်ကျ ခဲ့သည့် Margarita ကျွန်း အနီး ပင်လယ်ပြင် ကို တွေ့ရစဉ်(ဓာတ်ပုံ-google map)
    ကာရာကက်စ် ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

    ဗင်နီဇွဲလား နိုင်ငံ တွင် လေယာဉ်ငယ် တစ်စင်း သည် ဒေသစံတော်ချိန် ဇူလိုင် ၄ ရက်နေ့ ညနေပိုင်းတွင် ပျက်ကျသွား ခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ လေယာဉ်ပေါ်ရှိ လူ ၉ ဦး ကို ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း သိရှိရသည်။

ဗင်နီဇွဲလား နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန ဝန်ကြီး Nestor Reverol က ရုပ်သံထုတ်လွှင့်မှု မှ တစ်ဆင့် ကာရာကက်စ် မှ Margarita ကျွန်း သို့ ပျံသန်း ခဲ့သည့် လေယာဉ်ငယ် တစ်စင်း သည် ပျံသန်း နေစဉ် အတွင်း စက်ချို့ယွင်းကြောင်း အကြောင်းကြားခဲ့ပြီး Margarita ကျွန်း အနီးရှိ ပင်လယ်ပြင် တွင် ပျက်ကျသွား ခဲ့ကြောင်း အတည်ပြုပြောကြား ခဲ့သည်။

Reverol က လေယာဉ်ပေါ်တွင် ဝန်ထမ်း ၇ ဦး နှင့် ခရီးသည် ၂ ဦး လိုက်ပါသွား ခဲ့ပြီး လက်ရှိချိန်တွင် လူပေါင်း ၁၀၀ ကျော် မှ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း ပြောကြား ခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ဗင်နီဇွဲလား နိုင်ငံ တွင် လေယာဉ်ငယ် တစ်စင်း ပျက်ကျ ခဲ့ပြီး လိုက်ပါသွား ခဲ့သည့် လူ ၉ ဦး ပျောက်ဆုံးနေ ဗင်နီဇွဲလား နိုင်ငံ တွင် လေယာဉ်ငယ် တစ်စင်း ပျက်ကျ ခဲ့ပြီး လိုက်ပါသွား ခဲ့သည့် လူ ၉ ဦး ပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 16:34 Rating: 5
Powered by Blogger.