ကျူးဘားမှာ နာရီပိုင်းနဲ့ တည်းခိုနိုင်တဲ့ ဟော်တယ်တွေ ပြန်ဖွင့်မယ်

ဟာဗားနားမြို့က Malecon seafront မှာ ချစ်သူ စုံတွဲ လူမြင်ကွင်း ကြည်နူးနေပုံ
ကျူးဘားနိုင်ငံဟာဗားနားမြို့တော်မှာ နာရီပိုင်းနဲ့ ငှားရမ်းတဲ့ ဟော်တယ်တွေ အများအပြားပြန် ဖွင့်ဖို့ ပြင်နေတယ်လို့ အိုးအိမ် ဉီးစီးဌာနက ပြောပါတယ်။

၁၉၉၀ နှစ်တွေတုန်းက တိုင်းပြည်ရဲ့စီးပွားရေး ပျက်ကပ်အတွင်း အဲဒီ အစိုးရဖွင့် ၊ ခဏနား တည်းခိုခန်းတွေ စတင်ပျောက်ကွယ်ခဲ့တာ ဖြစ်ပြီး ဟာရီကိန်း မုန်တိုင်းသင့်သူတွေ ခိုနားရာ ဖြစ်ခဲ့ပါတယ်။

အဲဒီနောက် ကိုယ်ပိုင် အိမ်တွေကို ဟော်တယ် တွေ အင်းတွေ အဖြစ် အဆမတန် ဈေးမြှင့် ကာ ပုဂ္ဂလိကတွေက ဖွင့်စားလာတာ ဖြစ်ပါတယ်။

ချစ်သူစုံတွဲတွေ လူမြင်ကွင်းမှာ မလုံမခြုံ စိတ်ကသိကအောင့် မဖြစ်ရဘဲ ၊ ဈေးနှုန်းချိုသာစွာနဲ့ နေနိုင်ဖို့ အခုလို စီစဉ်တာ ဖြစ်ပြီး အခုလို ဟော်တယ်တွေ ဖွင့်လှစ်ခြင်းအားဖြင့် ပင်လယ် ကမ်းစပ် ၊ ကမ်းခြေနဲ့ ပန်းခြံတွေမှာ စုံတွဲတွေ မဖွယ်မရာ လုပ်တာတွေ ပျောက်သွားစေနိုင်မှာ ဖြစ်တယ်လို့ ဒေသန္တရ အာဏာပိုင်တွေကပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
ကျူးဘားမှာ နာရီပိုင်းနဲ့ တည်းခိုနိုင်တဲ့ ဟော်တယ်တွေ ပြန်ဖွင့်မယ် ကျူးဘားမှာ နာရီပိုင်းနဲ့ တည်းခိုနိုင်တဲ့ ဟော်တယ်တွေ ပြန်ဖွင့်မယ် Reviewed by THITHTOOLWIN on 08:32 Rating: 5
Powered by Blogger.