ချမ်းမြသာစည်မြို့နယ် မီး​လောင်​မှု နေအိမ် (၂၈)လုံး၊ ကားတစ်စီး၊ ဆိုင်ကယ် နှစ်စီး ပျက်စီးဆုံးရှုံး


မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၅၅လမ်း နှင့်၅၄လမ်းကြား နှင်းဆီလမ်းနှင့်မြတ်လေးလမ်းကြား(မ​နော်​ဟရီလမ်း​တောင်​ဘက်​) ဖ-(၁၉)ရပ်ကွက်တွင်​ ဇူလိုင် ၆ရက် နံနက် ၁၁း၀၅ နာရီခန့်​က မီးလောင်မှု စတင်​ဖြစ်ပွားခဲ့သည်။

အဆိုပါမီး​လောင်​ရာသို့ မီးသတ်​ကား (၅၀)စီး၊ သန္ဓေမီးသတ် (၁၀၀)ဦး၊ အရံမီးသတ် (၂၀၀)ဦးတို့ လာ​ရောက်​မီးငြှိမ်းသတ်ရာ ၁၁း၃၀ နာရီတွင် မီးထိန်းနိုင်ခဲ့ပြီး မီးလောင်မှုကြောင့် ​နေအိမ် (၂၈)လုံး၊ ကားတစ်စီး၊ ဆိုင်ကယ် နှစ်စီး ပျက်စီးဆုံးရှုံး​ကြောင်း သိရသည်​။

ကျော်​ထူး
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/


ချမ်းမြသာစည်မြို့နယ် မီး​လောင်​မှု နေအိမ် (၂၈)လုံး၊ ကားတစ်စီး၊ ဆိုင်ကယ် နှစ်စီး ပျက်စီးဆုံးရှုံး ချမ်းမြသာစည်မြို့နယ် မီး​လောင်​မှု နေအိမ် (၂၈)လုံး၊ ကားတစ်စီး၊ ဆိုင်ကယ် နှစ်စီး ပျက်စီးဆုံးရှုံး Reviewed by THITHTOOLWIN on 16:13 Rating: 5
Powered by Blogger.