ကျောက်ပန်းတောင်းမြို့ တမ္ပဝတီရပ်ကွက်တွင် အမွေကိစ္စဖြင့် သားအဖချင်းစကားများရန်ဖြစ်ရာမှ သားဖြစ်သူသေဆုံး


ကျောက်ပန်းတောင်း ဇူလိုင် ၎

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် တမ္ပ ဝတီ ရပ်ကွက်တွင် အမွေတောင်း သည့်ကိစ္စဖြင့် သားအဖချင်းစကား များ ရန်ဖြစ်ရာမှ ကတ်ကြေးဖြင့် ထိုးသဖြင့်သားဖြစ်သူသေဆုံးသွား သောအမှု ဇွန်လ ၃ ရက်နေ့ ည၈နာရီခွဲ က အဆိုပါရပ်ကွက်ရှိ တရားခံ၏ နေအိမ်တွင်ဖြစ်ပွားခဲ့ကြောင်းသိရ သည်။

ဖြစ်စဉ်မှာ တရားလိုဖြစ်သူ ဦးခင်မောင်ဝင်း(ဘ)ဦးသိန်းရွှေ၊ ပွဲစား၊ အောင်မင်္ဂလာရပ်ကွက်၊ ကျောက်ပန်းတောင်းမြို့ နေသူ သည် တမ္ပဝတီရပ်ကွက်ရှိ ဖခင် ဖြစ်သူ ဦးသိန်းရွှေ၏ နေအိမ်သို့ အလည်သွားရောက်စဉ် ညီဖြစ်သူ စိုးမင်းထက်နှင့် ဖခင်ဦးသိန်းရွှေတို့ မှာ အမွေတောင်းခံသည့်ကိစ္စနှင့် ပတ်သက်ပြီး တစ်ယောက်တစ်ခွန်း စကားများနေကြရာမှ ဖခင်ဖြစ်သူ ဦးသိန်းရွှေက နေအိမ်ထရံတွင် ထိုး ထားသော အရိုးအသွားရှစ်လက်မ ခန့်ရှိ ကတ်ကြေးဖြင့် ဒေါသ အလျောက် ထိုးသတ်ခဲ့ခြင်း ဖြစ် ကြောင်းသိရသည်။ ထိုသို့ အခင်း ဖြစ်ပွားစဉ်သေဆုံးသူ၏မိခင်ဖြစ်သူ (တရားခံ၏ဇနီး)က ဝင်ရောက်ဖြန် ဖြေရာ မိခင်ဖြစ်သူ ဒေါ်သန်းတင် မှာ ဝဲဘက်ပခုံး ပြတ်ရှဒဏ်ရာတစ် ချက်၊ဝဲဘက်လည်ဂုတ်ပြတ်ရှဒဏ်ရာ တစ်ချက်(မစိုးရိမ်ရ)ရရှိ၍ စိုးမင်း ထက်တွင် ဝဲဘက်ရင်အုံအထက် တွင်ထိုးသွင်းဒဏ်ရာ တစ်ချက်၊ ယာတင်ပါးပွန်းပဲ့ဒဏ်ရာတစ်ချက် ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ပို့အပ်ရာ စိုးမင်းထက်မှာရရှိသည့်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သဖြင့် သေဆုံးသူ၏ အစ်ကိုဖြစ်သူ ဦးခင်မောင်ဝင်း(ဘ) ဦးသိန်းရွှေက တရားလိုအဖြစ် အမှု ဖွင့်တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ စခန်းမှူး ဒုတိယရဲမှူးထွန်းတင်နှင့် တပ်ဖွဲ့ဝင်များက တရားလို၊တရား ခံများစစ်ဆေးခြင်း၊ သက်သေခံ ပစ္စည်းသိမ်းဆည်းခြင်း၊ အမှုဆေး စာပေးပို့ခြင်းနှင့်တရားခံဖမ်းဆီးခြင်း များကိုဆောင်ရွက်ပြီးတရားခံဖြစ်သူ ဦးသိန်းရွှေ(ဘ)ဦးအောင်ကြည်၊ (၆၇)နှစ် ဆေးသုတ်လုပ်ငန်း၊ တမ္ပ ဝတီ ရပ်ကွက်နေသူအား(ပ)၇၉/ ၁၇၊ ရာဇသတ်ကြီးပုဒ်မ၃ဝ၂/၃ဝ၆ ဖြင့် အရေးယူ ဆောင်ရွက်ထား ကြောင်းသိရသည်။

ကိုနေ(ကျောက်ပန်းတောင်း)
The Union Daily
https://www.facebook.com/uniondaily.net/
ကျောက်ပန်းတောင်းမြို့ တမ္ပဝတီရပ်ကွက်တွင် အမွေကိစ္စဖြင့် သားအဖချင်းစကားများရန်ဖြစ်ရာမှ သားဖြစ်သူသေဆုံး ကျောက်ပန်းတောင်းမြို့ တမ္ပဝတီရပ်ကွက်တွင် အမွေကိစ္စဖြင့် သားအဖချင်းစကားများရန်ဖြစ်ရာမှ သားဖြစ်သူသေဆုံး Reviewed by THITHTOOLWIN on 18:49 Rating: 5
Powered by Blogger.