သေလည်းသေရသေး တရားခံလည်းဖြစ်ရသေးလို့ မိသားစုတွေကပြော


ဇွန်လ ၃၀ရက်နေ့က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်တဲ့ ထောက်ကြန့် လေးလောင်းပြိုင် လူသတ်မှု စုံစမ်း တွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး သေဆုံးသူများရဲ့ မိသားစုဝင်တွေဖြစ်တဲ့ မချိုရီပွင့်ရဲ့ အမေဖြစ်သူ ဒေါ်ရီရီနွဲ့၊ ကိုစိုးနောင်ရဲ့ အမ မညိုညိုစမ်းနဲ့ အကို ဆရာတော် ဦးဝိစာရ တို့က ဒီကနေ့ ဇူလိုင်လ ၃ရက် သေဆုံးသူတွေရဲ့ နေအိမ်မှာ သတင်းစာ ရှင်းလင်း ခဲ့ပါတယ်။

ကိုစိုးနောင်ရဲ့ အမဖြစ်သူက သေလည်းသေး တရားခံလည်းဖြစ်ရသေး ဆိုတာကြောင့် ရင်ထဲခံစားရတယ်လို့ BBC ကိုပြောပါတယ်။
ရဲထုတ်ပြန်ချက်မှာ သေဆုံးသူတွေရဲ့ ဒီအန်အေကလွဲရင် တခြားလူတွေရဲ့ ဒီအန်အေကိုမတွေ့ကြောင်းနဲ့ အိမ်ထောင်ဦးစီးဖြစ်တဲ့ ကိုစိုးနောင်က မိသားစုကို သတ်ပြီး မိမိကိုယ်ကို သတ်သေတယ်ဆိုတဲ့ သဘောမျိုး ဖော်ပြ ထားတာကြောင့် ကျန်ရစ်သူ မောင်နှမတွေက အခုလို မီဒီယာတွေကို ရှင်းပြခဲ့တာလို့ ဆိုပါတယ်။

၂၀၁၆ သြဂုတ်လက မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ် မြအေးချမ်းသာလမ်းက နေအိမ်မှာ မိသားစု လေးယောက် အသတ်ခံရတဲ့ အမှုကို တနှစ်နီးပါး ကြာခဲ့ပြီးမှ ရဲတပ်ဖွဲ့က အခုလို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အခုအမှုနဲ့ ပတ်သတ်လို့ ဆက်ပြီးတော့ အမှုမှန်ပေါ်အောင် လုပ်ဆောင်သွားမယ်လို့မိသားစုက ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ လူနည်းစုဖြစ်တဲ့အတွက် မတွန်းလှန်နိုင်တာကြောင့် နိုင်ငံတော် အကြီးအကဲတွေကို အမှုမှန်ပေါ်ဖို့ ဆောင်ရွက် ပေးစေလိုတဲ့အကြောင်း ကျန်ရစ်သူမိသားစုက တောင်းဆိုထားပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
သေလည်းသေရသေး တရားခံလည်းဖြစ်ရသေးလို့ မိသားစုတွေကပြော သေလည်းသေရသေး တရားခံလည်းဖြစ်ရသေးလို့ မိသားစုတွေကပြော Reviewed by THITHTOOLWIN on 18:56 Rating: 5
Powered by Blogger.