ဘီဒီပြေး ၁ ဦး ဓားခုတ်ခံရပြီး ဆေးရုံ၌ သေဆုံး


ဇူလိုင် ၅၊၂၀၁၇

မောင်တောမြို့နယ် ဇော်မတက်ကျေးရွာနေ ဒေါ်မဟာဇရာ ၃၂ နှစ်သည် မိသားစုနှင့်အတူအိမ်တွင် အိပ်နေစဉ် ဇူလိုင် ၅ ရက်နံနက် ၄ နာရီခန့်တွင် မောင်ဖြစ်သူ မူစတာအာမတ် ၃၅ နှစ် (ဘီဒီပြေး- ၂၀၀၁ ခုနှစ်) သည် ဓားခုတ်ဒဏ်ရာများဖြင့် ရောက်ရှိလာခဲ့သည်။

၎င်းအား မေးမြန်းရာ ဇော်မတက်ရွာ၏တောင်ဘက် လယ်ကွင်း၌ အမည်မသိသူ ၅ ဦးခန့်က ဓားဖြင့် ဝိုင်းခုတ်သဖြင့် ညာဘက်ဂုတ်၊ ညာကျောပြင်နှင့် ညာခြေသလုံးတို့တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။
ဓားဒဏ်ရာရရှိသူအား လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နံနက် ၇ နာရီ ၄၅ မိနစ်တွင် မောင်တော ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ဆေးရုံသို့ ရောက်ရှိခဲ့ပြီး အလှည့်ကျဆရာဝန်က ကြည့်ရှု စမ်းသပ်စစ်ဆေးနေစဉ် နံနက် ၈ နာရီ ၂၅ မိနစ်တွင် သေဆုံးသွားခဲ့ကြောင်းသိရသည်။

ဓားထိုးအသတ်ခံရမှုနှင့်ပတ်သက်၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့်စုံစမ်းစစ်ဆေး လျက်ရှိကြောင်းသိရသည်။

မူစတာအာမတ်သည် ၂၀၀၁ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတဆင့် ဆော်ဒီနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေစဉ် အဖမ်းခံရသဖြင့် ထောင် ၂ နှစ်ခန့် ကျခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားဟု ထွက်ဆိုကာ ၂၀၁၃ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်ပို့ခံခဲ့ရသူဖြစ်သည်။ ဓားခုတ်ဒဏ်ရာရရှိသူမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် နေထိုင်လျက်ရှိသူဖြစ်ပြီး ဥပုသ်ကာလပြီးဆုံး သဖြင့် မောင်တောမြို့နယ် သရေကုန်းတန်းကျေးရွာရှိ ၎င်း၏ ဒုတိယမြောက်ဇနီးဖြစ်သူ တော်စမီထံ တရားမဝင်ပြန်လည် ရောက်ရှိနေထိုင်နေသူဖြစ်ကြောင်း သိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
ဘီဒီပြေး ၁ ဦး ဓားခုတ်ခံရပြီး ဆေးရုံ၌ သေဆုံး ဘီဒီပြေး ၁ ဦး ဓားခုတ်ခံရပြီး ဆေးရုံ၌ သေဆုံး Reviewed by THITHTOOLWIN on 20:44 Rating: 5
Powered by Blogger.