ရန်ကုန် - စစ်တွေ အမြန်လမ်းတွင် ရွှေပြည်သစ် ခရီးသည်တင်ယာဉ်တစ်စီးတိမ်းမှောက်


မြောက်ဦး ဇူလိုင် ၅

ရန်ကုန်- စစ်တွေ ကားလမ်း မိုင်တိုင်အမှတ်(၁၁၉/၁)နှင့်(၁၁၉/၂)အကြား ၌ဇူလိုင် ၄ ရက် ညနေ (၅)နာရီကျော် အချိန်က မြောက်ဦးမြို့နယ် ဘူးရွက်မညှိးကျေးရွာအုပ်စု အနီးတွင် ရွှေပြည်သစ် ခရီးသည်တင်ယာဉ် တစ်စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်းသိရသည်။

ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ တိန်ညှိရဲကင်း ၊ စခန်းမှူး ၊ ရဲအုပ် မြင့်စိုးဦး ပါတပ်ဖွဲ့ဝင်များက အခင်း ဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ ရန်ကုန် မှ စစ်တွေသို့ ယာဉ်မောင်း ညီညီဝင်း (၃၇)နှစ် ၊ မောင်းနှင် လာသော ယာဉ်အမှတ် 3M/------ ယာဉ်မောင်းနှင်နေစဉ် ရှေ့မှယာဉ်တစ်စီးကို ကျော်တက်ရာ တွင် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ အနောက်ဘက်သို့ တိမ်းမှောက်ခဲ့ရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည် အမျိုးသား (၂၀) ဦး ၊ အမျိုးသမီး(၁၁) ဦး မှာ တစ်စုံတစ်ခု ထိခိုက်ဒဏ်ရာမရရှိသော်လည်း ယာဉ်အားမဆင်မခြင်ပေါ့လျော့စွာမောင်းနှင်သူ ရွှေပြည်သစ် ယာဉ်မောင်း ညီညီဝင်း အား မြောက်ဦးမြို့နယ်ရဲစခန်းက အမှုဖွင့်အရေး ယူထားကြောင်းသတင်းရရှိသည်။

ခရိုင် (ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရန်ကုန် - စစ်တွေ အမြန်လမ်းတွင် ရွှေပြည်သစ် ခရီးသည်တင်ယာဉ်တစ်စီးတိမ်းမှောက် ရန်ကုန် - စစ်တွေ အမြန်လမ်းတွင် ရွှေပြည်သစ် ခရီးသည်တင်ယာဉ်တစ်စီးတိမ်းမှောက် Reviewed by THITHTOOLWIN on 19:53 Rating: 5
Powered by Blogger.