လပွတ္တာမြို့တွင် ကျွဲ ၁၃ ကောင် ခိုးယူလာသည့် ကျွဲသူခိုး ၃ ဦး ဖမ်းမိ


ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ် လိပ်သစ်ချောင်းအတွင်း ဇူလိုင်လ ၄ ရက်နေ့ ညက  မောင်းနှင်လာသည့် စက်လှေ တစ်စီးအတွင်းမှ ကျွဲ ၁၃ ကောင်နှင့် ကျွဲသူခိုး ၃ ဦး ကို ရဲတပ်ဖွဲ့ က ဖမ်းဆီးမိခဲ့ကြောင်း သိရပါသည်။


ဖြစ်စဉ်မှာ လပွတ္တာခရိုင်ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်အရ ၄-၇-၁၇ညတွင် ကန်ဘက်ရဲစခန်းမှ ဒုရဲအုပ် နိုင်နိုင်အောင်နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ ခရိုင်မှုခင်းနှိမ်နင်းရေးဌာနမှ ရဲတပ်ကြပ်စိုးမျိုးထွန်း ညောင်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူးဦးမင်းဇော် အဖွဲ့ နှင့်အတူ ပြာမလော့မြစ်အတွင်း ပူးပေါင်းလှည့်ကင်း ဆောင်ရွက်စဉ် လိပ်သစ်ချောင်းအတွင်းမှ မသင်္ကာဖွယ်ရာ ပဲ့ထောင်၁ စီးအားတွေ့ရှိသဖြင့် ရပ်တန့်စစ်ဆေးခဲ့ပါသည်။


အဆိုပါ ပဲ့ထောင်ပေါ်တွင် ဝင်းကို ပါ ၃ဦးအား တွေ့ရှိရပြီး ပဲ့ထောင်ထဲတွင် ကျွဲထီး ၅ ကောင် ကျွဲမ ၈ ကောင်တို့အားတွေ့ရှိရသဖြင့် မေး မြန်းခဲ့ရာ ပိုင်ဆိုင်ကြောင်း အထောက်အထားများ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၏ ထောက်ခံချက်များ မတင်ပြနိုင်သဖြင့် သက်သေများရှေ့ သိမ်းဆည်းပြီး ကန်ဘက်ရဲစခန်းသို့ခေါ်ဆောင်၍ ဒုရဲအုပ် နိုင်နိုင်အောင်မှ တရားလိုပြုလုပ်၍ ကန်ဘက်ရဲစခန်း (ပ) ၄၈/၁၇ ပုဒ်မ ၃၈၀(တ)/၅၄ ဖြင့်အမှုဖွင့်စစ်ဆေးလျှက်ရှိပါသည်။

Ip Ngwe Soe
လပွတ္တာမြို့တွင် ကျွဲ ၁၃ ကောင် ခိုးယူလာသည့် ကျွဲသူခိုး ၃ ဦး ဖမ်းမိ လပွတ္တာမြို့တွင် ကျွဲ ၁၃ ကောင် ခိုးယူလာသည့် ကျွဲသူခိုး ၃ ဦး ဖမ်းမိ Reviewed by THITHTOOLWIN on 08:15 Rating: 5
Powered by Blogger.