သတင်းသမား ၃ ဦးကိစ္စ နိုင် ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြော ကြား

ဒေါ်အောင်ဆန်းစုကြည် နဲ့ နော်ဝေနိုင်ငံခြားရေးဝန်ကြီး Borge Brende တို့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဒီနေ့ ဇူလိုင်လ ၆ ရက်နေ့ မှာ ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပပြုလုပ်စဉ်။ Phtot: Win Ko Ko Latt/RFA
တပ်မတော် နဲ့သတင်းသမား ၃ဦးကိစ္စဟာ တဖက်နဲ့တဖက် အပြန်အလှန် ဆန့်ကျင်နေတယ်ဆိုပြီး အမြင် ကျဉ်းမြောင်းစွာနဲ့ ကြည့်လို့မရကြောင်း ၊ ကြည့်ရမှာတည်ဆဲဥပဒေတွေဟာ တရားမျှတမှုရှိရဲ့လား ၊ ဒီမိုကရေစီ လမ်းကြောင်းနဲ့ကိုက်ညီမှုရှိရဲ့လား ဆိုတာဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ဒီနေ့ နော်ဝေနိုင်ငံခြားရေးဝန်ကြီး Borge Brende နဲ့ နေပြည်တော်က နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“ဒီလိုကိစ္စမျိုးတွေကို အမြင်ကျဉ်းကျဉ်းနဲ့ကြည့်လို့မရပါဘူး။ သတင်းသမား ၃ ဦးဟာ တပ်မတော်ကို ဆန့်ကျင်သူတွေဖြစ်တယ်လို့ ယူဆလို့မရသလို တပ်မတော်ဟာလည်း သတင်းသမားတွေကို ဆန့်ကျင်နေ တာလို့ ယူဆလို့မရပါဘူး။ တည်ဆဲဥပဒေတွေဟာ တရားမျှတမှုရှိရဲ့လား။ ဒီမိုကရေစီလမ်းကြောင်းကို အထောက်အကူဖြစ်ရဲ့လားဆိုတာနဲ့ ကြည့်ရမှာ ဖြစ်ပါတယ်။ တကယ်လို့အဲဒီလို အထောက်အကူ မဖြစ်ဘူးဆိုရင် အဲဒီဥပဒေတွေကို ပြင်ဆင်ဖို့ ဥပဒေပြုရေးဖက်ကနေ ကြိုးစားရမှာဖြစ်ပါတယ်။”

ဇွန်လ ၂၆ရက်နေ့က တအာန်းပလောင် လွတ်မြောက်ရေး TNLA က ကျင်းပတဲ့ မူးယစ်ဆေးဝါး မီးရှို့ပွဲကို သွားရောက် သတင်းယူခဲ့တဲ့ ဒီဗွီဘီက သတင်းသမား ၂ ဦး နဲ့ ဧရာဝတီက ၁ဦးကို ပုဒ်မ ၁၇ (၁) မတရားသင်း ဆက်သွယ်မှု နဲ့ ဖမ်းဆီးခံထားရတဲ့အပေါ် ဥပဒေစိုးမိုးရေးနဲ့ ဆက်စပ်ပြီး ရိုက်တာသတင်းဌာနက မေးမြန်းရာ မှာ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီကနေ့ သတင်းစာရှင်းလင်းပွဲဟာ နော်ဝေနဲ့ မြန်မာနှစ်နိုင်ငံ ဆက် ဆံရေး ကိစ္စဖြစ်တဲ့အတွက် တခြားကိစ္စတွေကို မမေးဖို့ ၂ကြိမ် တားမြစ်ပေမယ့် ရိုက်တာသတင်းဌာနက ဥပဒေစိုး မိုးရေးနဲ့ သတင်းသမား ၃ ဦးဖမ်းဆီးခံထားရတာကို မေးရာမှာ သတင်းသမား ၃ ဦးကိစ္စနဲ့ ဥပဒေတွေအကြောင်း ဆက်စပ်ပြီး ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ဃကိုလည်း လွှတ်တော်ကနေ ပြင်ဆင်ဖို့လုပ်နေပြီဖြစ်ကြောင်းလည်း ဒေါ်အောင် ဆန်းစုကြည် က သတင်းစာရှင်းလင်းပွဲပြီးခါနီးမှာ ပြောပါတယ်။

နော်ဝေနိုင်ငံခြားရေးဝန်ကြီးကတော့ ဖြည့်စွက်ပြောကြားရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ဟာ သတင်းမီဒီယာသမားတွေ လွတ်လပ်ခွင့် နဲ့ လွတ်လပ်စွာပြောဆိုရေးသားခွင့်ကို အလေးထားသူဖြစ် တယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese
သတင်းသမား ၃ ဦးကိစ္စ နိုင် ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြော ကြား သတင်းသမား ၃ ဦးကိစ္စ နိုင် ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြော ကြား Reviewed by THITHTOOLWIN on 17:27 Rating: 5
Powered by Blogger.