ဆွံ့အစကားမပြောတတ်သူကို သားမယားအဖြစ်ပြုကျင့်သူ အရေးယူခံရ


စဥ့်ကိုင် ဇူလိုင် ၆

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ် စဥ့်ကိုင်မြို့မရဲစခန်းအရှေ့တောင် ရှစ်မိုင်ခန့်အကွာ နဘဲပင်ကျေး ရွာတွင် ဇူလိုင်လ ၂ ရက် မွန်းလွဲ ၁ နာရီခွဲခန့်၌ သားမယားအဖြစ် ပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် နဘဲပင်ကျေး ရွာတွင် ဇူလိုင်လ ၂ ရက် မွန်းလွဲ ၁ နာရီခွဲခန့်၌ နဘဲပင်ကျေးရွာနေ ကျပန်းလုပ်ကိုင်သူ မခိုင်ခင်ဦးသည် တစ်ရပ်တည်း မြောင်းဘောင်နေ မောင်နိုင်(၅၁ နှစ်)မှ ဆွံ့အစကားမပြောတတ်သူ မ----(၁၁ နှစ်) အား လက်ဆွဲပြီး ၄င်းနေအိမ်ပေါ်သို့ ခေါ်သွားသဖြင့် တစ်ယောက် တည်းလိုက်မကြည့်ရဲ၍ အိမ်နီးချင်းဖြစ်သူ မဟေမာနှင့်အတူမောင်နိုင် ၏နေအိမ်နားသို့ ကပ်ကြည့်ရာ မ----အား ဘောင်းဘီချွတ်ပြီး မိန်းမကိုယ်အား ကိုင်နေသည်ကိုတွေ့ရသဖြင့် ကျေးရွာမှ လူများသွား ခေါ်ပြီး မောင်နိုင်၏နေအိမ်သို့ ပြန်လာကာ နေအိမ်တွင်း ဝင်ကြည့် ရာ မောင်နိုင်မှာ မ----အား သားမယားအဖြစ် ပြုကျင့်နေသည်ကို တွေ့ရသဖြင့် အတင်းဆွဲခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် အိမ်နီးချင်းဖြစ်သူ မခိုင်ခင်ဦးက အသက်မပြည့်ဆွံ့အ စကားမပြောတတ်သူကို သားမယားအဖြစ်ပြုကျင့်သူ မောင်နိုင်(၅၁နှစ်) နဘဲပင်ကျေးရွာ စဥ့်ကိုင်မြို့နယ်နေသူအား အရေးယူပေးပါရန် တရား လိုပြုလုပ်တိုင်တန်းခဲ့၍ စဥ့်ကိုင်မြို့မရဲစခန်းမှ (ပ)၁၉၇/၂ဝ၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ ယခုလ ၂ ရက် ညနေ ၄ နာရီ ၁၅ မိနစ်တွင် အမှုဖွင့်အရေးယူပြီး စဥ့်ကိုင်မြို့မရဲစခန်းမှူး ဒုရဲမှူးစိုးလွင်က စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဘုန်းရှိန် (စဥ့်ကိုင်)
The Union Daily
https://www.facebook.com/uniondaily.net
ဆွံ့အစကားမပြောတတ်သူကို သားမယားအဖြစ်ပြုကျင့်သူ အရေးယူခံရ ဆွံ့အစကားမပြောတတ်သူကို သားမယားအဖြစ်ပြုကျင့်သူ အရေးယူခံရ Reviewed by THITHTOOLWIN on 17:34 Rating: 5
Powered by Blogger.