ဂျာမနီ နိုင်ငံ Bavaria ပြည်နယ် တွင် ကြီးမားသည့် ယာဉ်တိုက်မှု ဖြစ်ပွား ခဲ့ပြီး လက်ရှိချိန်ထိ ၁၇ ဦး သေဆုံး

ဂျာမနီ နိုင်ငံ Bavaria ပြည်နယ် တွင် ဖြစ်ပွား ခဲ့သည့် ယာဉ်တိုက်မှု အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)
    ဘာလင် ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

    ဂျာမဏီ နိုင်ငံ ရဲတပ်ဖွဲ့ က ခရီးသည် ၄၆ ဦး နှင့်  ယာဉ်မောင်း ၂ ဦး လိုက်ပါခဲ့သည့် ခရီးသွား ဧည့်သည် လိုပ်ပါလာသည့် ကားတစ်စင်းသည် ဒေသစံတော်ချိန် ညနေပိုင်း တွင် ဂျာမနီ နိုင်ငံ Bavaria ပြည်နယ် ၌ ကုန်တင်ကား တစ်စင်းနှင့် တိုက်မိခဲ့ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွား ရာ လက်ရှိချိန်ထိ ၁၇ ဦးသေဆုံး ခဲ့ကြောင်း ဇူလိုင်လ ၃ ရက်နေ့က ထုတ်ပြန်ကြေညာ ခဲ့သည်။

ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Juergen Stadter က သေဆုံး ဒဏ်ရာရရှိသူ စာရင်းများကို ယနေ့ တွင် ထုတ်ပြန်ကြေညာပေး သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။လက်ရှိချိန်တွင် ရဲတပ်ဖွဲ့ မှ ယာဉ်တိုက်မှု ဖြစ်ပွား ခဲ့သည့် A 9 အဝေးပြေးလမ်းမကြီး ၏ အစိတ်အပိုင်း အချို့ ကို ပိတ်ဆို့ လိုက်ကြောင်း နှင့် ယာဉ်တိုက်မှု ကြောင့် လူအများအပြား အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဂျာမနီ နိုင်ငံ Bavaria ပြည်နယ် တွင် ကြီးမားသည့် ယာဉ်တိုက်မှု ဖြစ်ပွား ခဲ့ပြီး လက်ရှိချိန်ထိ ၁၇ ဦး သေဆုံး ဂျာမနီ နိုင်ငံ Bavaria ပြည်နယ် တွင် ကြီးမားသည့် ယာဉ်တိုက်မှု ဖြစ်ပွား ခဲ့ပြီး လက်ရှိချိန်ထိ ၁၇ ဦး သေဆုံး Reviewed by THITHTOOLWIN on 16:24 Rating: 5
Powered by Blogger.