အမြန်လမ်းတွင် STAREX မော်တော်ယာဉ်မှ ယာဉ်မောင်းအိပ်ငိုက်ပြီး ခရီးသည်တင်ယာဉ်အားနောက်မှဝင်တိုက်
နေပြည်တော်၊ ဇွန်-၂
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ပဲခူးမြို့နယ် မိုင်တိုင်အမှတ် ၃၉/၂ နှင့် ၃ အကြား နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်းဝင်းကို မောင်းနှင်လာသော Starx မော်တော်ယာဉ်သည် ဇွန်လ ၂ ရက်နေ့ ယနေ့နံနက် ၇ ရီ ခန့်က ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိမ်းနိုင်ဘဲ ရှေ့မှယာဉ်မောင်း မောင်နိုင် မောင်းနှင်နေသော ရွှေတောင်ရိုး Express ခရီးသည်တင်ယာဉ်အား နောက်မှဝင်တိုက်ခဲ့သည်။
ဖြစ်စဉ်ကြောင် ရွှေတောင်ရိုးခရီးသည်တင်ယာဉ်မှယာဉ်မောင်းပါ အမျိုးသား ၂၀ ဦး၊အမျိုးသမီး ၂၁ ဦး၊ပေါင်း ၄၁ ဦးမှာထိခိုက်မှုမရှိသော်လည်း Starx ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ သံဃာတစ်ပါး၊အမျိုးသားနှစ်ဦး၊အမျိုးသမီးသုံး ဦး၊ပေါင်း ၆ ဦးမှာအတွင်းလူနာအဖြစ်အသီးသီးဒဏ်ရာရရှိသွားကြသည်။ ဒဏ်ရာရရှိသူများအား ဘောနတ်ကြီးအမြန်လမ်းရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် ပဲခူးဆေးရုံသို့ပိုဆောင်ပေးခဲ့ရသည်။
သို့ပါ၍ယာဉ်ကိုမဆင်မခြင်ပေါ့ဆစွာမောင်းနှင်သော Starex မော်တော်ယဉ်မှယာဉ်မောင်းအား သက်ဆိုင်ရာကအရေးယူထားကြောင်းသိရသည်။
ညီညီသန်း(နေပြည်တော်)
ဓာတ်ပုံ/အမြန်လမ်းရဲတပ်ဖွဲ့
Nan Myat Oo (fb)
အမြန်လမ်းတွင် STAREX မော်တော်ယာဉ်မှ ယာဉ်မောင်းအိပ်ငိုက်ပြီး ခရီးသည်တင်ယာဉ်အားနောက်မှဝင်တိုက်
Reviewed by THITHTOOLWIN
on
16:46
Rating: